#Unicode
ခြံထဲကိုကားမောင်းဝင်လိုက်ရင်း တန်းမြင်လိုက်ရတာက အိမ်ရှေ့ကခုံတွေပေါ်မှာ နေပူဆာလှုံနေရင်းနဲ့စကားထိုင်ပြောနေသော အကို့အမေနဲ့ဦးလေးကြီးတစ်ယောက်ကိုJungkookတွေ့လိုက်ရတော့ မျက်လုံးပြူးပြီး အကို့ကိုလှည့်ကြည့်လိုက်သည်။အကိုကလည်းအံ့အားသင့်စွာနဲ့အရှေ့ကိုကြည့်နေလိုက်တာများ။
"မဟုတ်မှ....."
"ဟားဟား အမှန်ပဲ"
Jungkookဆိုလိုရင်းကိုတန်းပြီးသဘောပေါက်ကာ အကိုကပြန်ဖြေပေးလာသည်။အကို့ရဲ့ဟားဟားဆိုပြီးရယ်လိုက်တဲ့အသံက အနည်းငယ်ကြောင်အမ်းပြီးမှမပီမပြင်ထွက်လာတဲ့ရယ်သံပဲ။သူလည်းပဲ ဟူးခနဲလေပူကိုမှုတ်ထုတ်လိုက်ရသည်။နွေးထွေးနေတဲ့မနက်ခင်းက ချက်ခြင်းကြီးအေးစက်လာလိုက်တာများ။
"အဆင်သင့်မဖြစ်သေးပါပဲနဲ့ ဘယ်လိုလုပ်ရပါ့မလဲ"
နှစ်ယောက်စလုံးကားပေါ်ကမဆင်းသေးခင်မှာပဲ အကို့ဘက်လှည့်ပြီးပြောလိုက်ရသည်။
"ငါ့ဖေဖေက နည်းနည်းလေးစကားပြောတာကလေးဆန်ပေမယ့်လို့ ကျန်တာစိတ်ပူစရာမရှိပါဘူး မေမေရှင်းပြထားလို့လည်း သူသိသင့်သလောက်သိနေမှာပါ"
"ဒါပေမယ့်လည်း ကျွန်တော်တော့မျက်နှာပူမိတယ် သေချာပြင်ဆင်ပြီးသွားတွေ့ထားရမှာကို အခုတော့...."
"တွေးပူမနေနဲ့ ရင်ဆိုင်သင့်တာကိုရင်ဆိုင်ကြမယ် တစ်ချိန်ကြဒါတွေကလည်း ငါတို့နှစ်ယောက်ရဲ့အမှတ်တရတွေဖြစ်သွားမှာပဲ"
အကိုကတံခါးဖွင့်ပြီးဆင်းသွားတာမလို့
သူလည်းပဲဆင်းလိုက်ရတော့သည်။
ခြံထဲမှာလမ်းလျှောက်နေတဲ့အကို့အဖေနဲ့အမေက အရွယ်တင်ပြီးနုပျိုနေကြသည်။
အဆီအပိုမရှိစေရဘဲခန္ဓာကိုယ်ကလည်း
ကျစ်လစ်နေပြီး အရပ်ကလည်းရှည်သည်။
အကိုကအဖေ့ဆီကအလှနဲ့အမေ့ဆီကအလှတွေကိုမျှယူထားသလိုပင်။"ဖေဖေနဲ့မေမေက အစောကြီးဘယ်လိုလုပ်ရောက်လာတာလဲ"
"မနေ့ကထဲက မင်းအဘိုးတွေအိမ်ရောက်နေတာ မင်းဆီကိုတော့မနက်စာစားဖို့အမှီဆိုပြီးလာခဲ့ကြတာ မင်းကတော့အိမ်မှာတောင်စောစောစီးစီးရှိမနေဘူး မင်းညကပြန်ရောအိပ်ရဲ့လား"
