#Unicode
Taehyung မှာလက်ဆွဲနှုတ်ဆက်ဖို့စောင့်နေတဲ့သူ့ကို မျက်စောင်းတစ်ချက်ဆွေကြည့်ပြီး နှုတ်ခမ်းပါရွဲ့လိုက်ရင်း
လက်ဆွဲနှုတ်ဆက်ရတော့သည်။တော်သေးတာပေါ့ အနောက်နိုင်ငံရဲ့ယဉ်ကျေးမှု့လို အနမ်းချင်းဖလှယ်ပြီးနှုတ်မဆက်တာကိုဘဲ ကျေးဇူးတင်ရမည်။
လက်ဆွဲမနှုတ်ဆက်ပြန်ရင်လည်း အလယ်မှာထိုင်နေတဲ့ တီချယ်ကြီးမျက်နှာကရှိသေးသည်။"Jungkook အကို့ကို စမနေနဲ့လေ"
Taehyungလက်ကို လွှတ်မပေးဘဲ
မချိုမချဉ်မျက်နှာပေးလုပ်နေတဲ့သားတော်မောင်ကို သူမကဝင်ပြောရသည်။
ဘယ့်နှယ့်!သွားစနေရတာလဲဆိုတဲ့အကြည့်ပါ ကြည့်ပေးရသည်။
ကျောင်းတုန်းက ဆိုသူမတပည့်တွေထဲမှာTaehyungတို့အုပ်စုက စာအတော်ဆုံး၊အလိမ္မာဆုံးလေးတွေ။"မစပါဘူး...မာမီကလည်း
ဆရာဝန်လက်ဆိုတော့လည်းနူးညံ့နေတာဘဲ"မာမီ့ကိုပြောပြီး ရှေ့ကဒေါက်တာပေါက်စကိုကြည့်ကာ မျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ ပါးစပ်လှုပ်ယုံလေး
Jungkookကိုဆဲသွားတာ။လိမ္မာတယ်ထင်နေတဲ့သူ့တီချယ်ကြီးကတော့မသိရှာဘူး။သူ့တပည့်ကဆဲတက်တယ်ဆိုတာ။"အေး....သူများလက်က လူနာတွေအသက်ကိုကယ်တာ သားလက်ကတော့ ကားပြိုင်မောင်းလိုက်
ဆိုင်ကယ်ပြိုင်မောင်းလိုက် ရန်ဖြစ်လိုက်နဲ့မအားရှာဘူးမလား""ဟုတ်တယ်...တီချယ်ကြီး သူကတအားဆိုးတာ ကျွန်တော်တို့ဆေးရုံကိုလာပြီး သောင်းကျန်းသွားသေးတယ်
ပြီးတော့ စီးကရက်ကိုဆေးရုံထဲမှာသောက်ပြီး ပန်းအိုးထဲလည်းစီကရက်အတိုကို ပစ်ထည့်တယ် ကားကိုလည်း
အရေးပေါ်ကားတွေဝင်လို့မရအောင်
ဆေးရုံရှေ့မှာပိတ်ရပ်ခဲ့တာ အုပ်စုလိုက်လာတာ"Jungkookကြည့်နေလိုက်တော့ ဘာဖြစ်လဲ!အမှန်တွေပြောနေတာဆိုတဲ့အကြည့်နဲ့။ကလေးကလား!မာမီ့ကိုတိုင်နေတာများ တရစပ်ကိုပြောသွားတာ။
စီးကရက်သောက်တာ မာမီမကြိုက်ပါဘူးဆိုနေ။ဒီဆရာဝန်ပေါက်စက အဲ့ညကအဖြစ်အပျက်ကို အကုန်မှတ်ထားတာဘဲ။"Jungkook! နင့်မိဘတွေက ဆရာဝန်ကြီးတွေဆိုတာကို သတိရပါအုံးလား
နင့်ဒယ်ဒီက ကျန်းမာရေးဝန်ကြီးလေ
စီးကရက်ရော အရက်ရော ဘာမှမရှောင်သောက်နေတာ အခုအချိန်တော့ဟုတ်နေတာပေါ့ အသက်ကြီးမှအဲ့ဒဏ်တွေသိမယ်"