#Unicode
ကားရှေ့ခန်းမှာထိုင်စေပြီးမှ မောင်းသူဘက်ခြမ်းကိုဝင်ထိုင်တဲ့အထိ ဘေးကအကြောတင်းလေးကအေးဆေးသက်တောင့်သက်သာထိုင်နေ၏။လက်ရှိအနေအထားကို ဘာမှမထူးဆန်းသလိုဖြတ်ကျော်လိုက်တာ။သူ့အတွက်ကဘယ်လိုမှမနေဘူးလား။ရှက်ရွံ့သွားခြင်း၊ရင်ခုန်နေခြင်းအမူအရာတွေဟာ
မျက်နှာပေါ်မှာ လုံးဝရှာလို့မတွေ့။
Jungkookရဲ့အတွေ့အကြုံအရပြောရမယ်ဆိုရင် ဒီလိုပုံစံမျိုးကိုမည်သည့်တစ်ယောက်ယောက်ထံမှာမှ မတွေ့ဘူးခဲ့။သူ့ထက်တောင်ဆရာကျနေတဲ့အနေအထားနဲ့ ခပ်တည်တည်ထိုင်နေ၏။"အခု ကျွန်တော်တို့နှစ်ယောက်ဘာလုပ်ခဲ့တာလဲဆိုတာ သိတယ်မလား"
"သိတယ်လေ ငါမှမူးမနေတာ"
ပြန်ဖြေလာပုံကလဲ အေးအေးဆေးဆေး။ပြောစရာစကားတွေပျောက်နေသလိုဖြစ်သွားရတာက
Jungkookတစ်ယောက်တည်း။"အဲ့လိုဆိုတော့ ကျွန်တော်တို့အခြေအနေက အခုဘာတွေဖြစ်သွားပြီလဲ"
"ဘာဖြစ်ရမှာလဲ ဒီတိုင်းရင်းနှီးကြတဲ့အသိမိတ်ဆွေပေါ့"
Jungkookရဲ့စိတ်ထဲမှာ အကြီးအကျယ်အံ့ဩသွားရသည်။
ဘယ်လိုမျိုးများနေနိုင်ရတာလဲ။
ဘာလို့များ ပေါ့ပြက်ပြက်တွေပြောနိုင်ရတာလဲ။တကယ်ပဲဒီKim Taehyungကသူ့ကို သာမန်လိုသဘောထားနေတာလား။အခုသူဝဋ်လည်နေတာလား။"ဘာမှမခံစားရဘူးလား ခင်ဗျားနဲ့ကျွန်တော်ခုနက နမ်းခဲ့ကြတယ်လေ
တကယ်ကိုဘယ်လိုမှမနေဘူးပေါ့""နမ်းကြတယ်လေ ဒီတိုင်းမင်းကနမ်းလို့ငါကအလိုက်သင့်ပါလာရုံပဲ ငါ့စိတ်ကအဲ့အချိန်မှာမင်းနဲ့နမ်းရတာကို သဘောကျနေတယ်လေ စိတ်ကိုခဏအလိုလိုက်ပေးလိုက်တယ် အခုနမ်းပြီးတော့ ပြန်ထိန်းချုပ်လိုက်တယ်လေ
ဒါပဲ ကျန်တာတွေငါ့မှာမရှိဘူး"Jungkookရဲ့မျက်လုံးတွေထဲကို သေချာစူးစိုက်ကြည့်ပြီးပြောလာသောသူက ဘာမှမခံစားရတဲ့မျက်နှာထားနဲ့ပဲ။တောက်တစ်ချက်ပြင်းပြင်းခေါတ်ပြီး ကားsteeringကို လက်နဲ့ဆင့်ကာရိုက်ပစ်လိုက်မိသည်အထိ Jungkookဒေါသထွက်သွားရသည်။
"အဲ့ဒါဘာအချိုးလဲKim Taehyung!
ခင်ဗျားက ကျွန်တော်နဲ့ကစားချင်နေတာလား အရေးမပါတဲ့စကားတွေကိုလာမပြောနဲ့!"
