#Unicode
"ငါ့အိမ်ပဲသွားကြမလား""အကို့သဘော"
ဆေးပစ္စည်းတွေက Taehyungအိမ်မှာကအပြည့်အစုံရှိသောကြောင့် သူ့အိမ်သွားဖို့ပဲဆုံးဖြတ်လိုက်သည်။လက်ကဒဏ်ရာကသိပ်မများလို့သာတော်သေးသည်။ညစာလည်းမစားရသေးတော့
ဗိုက်ဆာလာတာကိုလည်းအခုမှသတိထားမိသည်။"Jungkookရေချိုးခန်းအရင်ဝင်လိုက်
လက်ကအနာကိုဆေးထည့်ပတ်တီးစည်းရမှာဆိုတော့ တစ်ခါထဲရေချိုးလိုက်တော့""အတူတူချိုးကြမယ်လေ"
ဝတ်ထားတဲ့အင်္ကျီကြယ်သီးတွေကိုတစ်လုံးချင်းဖြုတ်နေရင်းနဲ့ မျက်ခုံးတစ်ဖက်ပင့်ပြီး ပြုံးစစမေးလာသောကြောင့် Taehyungမျက်နှာအနည်းငယ်မနေတတ်ဖြစ်သွားရသည်။
"နှစ်ယောက်ချိုးရင် ရေချိုးခန်းထဲကပြန်ထွက်ဖို့ကြာမယ်ထင်တယ် မင်းလက်ကဒဏ်ရာနဲ့လေ"
"ဘေဘီသာရေအတူချိုးမယ်ဆိုရင်
လက်ကဒဏ်ရာက အရေးကြီးမတဲ့လား""မင်း...မင်းငါ့ကိုစပဲနေမယ်ဆိုရင် ပြန်လွှတ်မှာနော်"
Jungkookကိုရှက်ရမ်း,ရမ်းပြီးပြောနေတဲ့အကို့ကို အသည်းယားလာတာနဲ့
ခါးကနေအသာဆွဲပွေ့ပြီး အနမ်းပေးမိတော့သည်။နူးညံ့အိစက်နေတဲ့နှုတ်ခမ်းလေးက ချိုမြိန်ယစ်မူးဖွယ်အတိ။"မစတော့ပါဘူးဘေဘီလေးရဲ့"
ပါးတစ်ဖက်ကို လက်မနဲ့လက်ညှိုးသုံးပြီး ခပ်ဖွဖွဆွဲရင်းပြောလိုက်တော့
Jungkookကိုရေချိုးခန်းထဲအတင်းတွန်းပို့တော့သည်။Taehyungမှာတော့မီးဖိုခန်းထဲဝင်ပြီး
အမြန်စားလို့ရမယ့်အရာတစ်ခုခုကိုပြင်ဆင်ဖို့ရာ ရေခဲသေတ္တာဖွင့်ကြည့်မိသည်။အခုတလော Jungkookတိုက်ခန်းမှာပဲ နေဖြစ်နေတာကြောင့် အိမ်အတွက်တောင်ဈေးမဝယ်ဖြစ်။ပေါင်မုန့်နဲ့အသားပြားတစ်ချို့ကိုထုတ်လိုက်သည်။ကြက်ဥနှစ်လုံးထုတ်ယူပြီးတော့ ပေါင်မုန့်အသားညှပ်ကိုသာမြန်မြန်လေးပြင်လိုက်ရသည်။အခန်းထဲပြန်ဝင်လာတော့ ရေချိုးခန်းကနေထွက်လာတဲ့သူက ခေါင်းပါလျှော်ထားသေးသည်။
