#Unicode
Jungkook ရုံးခန်းကိုသုံးယောက်စလုံးအပြေးအလွှားဝင်လာကြသည်။
ဒီကောင်တွေ အလုပ်မသွားကြဘူးလားမသိ။"နေကြပါအုံး ကိုယ့်ဆိုင်ရာပိုင်ရာအလုပ်ကိုမသွားကြဘူးလား မင်းတို့တွေတော့"
"ဟေ့ကောင် အဲ့ဆိုင်ရာပိုင်ရာတွေကထွက်မပြေးဘူးကွ မင်းဆိုင်ရာပိုင်ရာက
ထွက်ပြေးတော့မှာ"Jungkookမှာလဲ ဆိုင်ရာပိုင်ရာလို့ပြောလိုက်တာနဲ့အကို့ကိုသာ ပြေးမြင်မိ၊တွေးမိနဲ့။လုပ်လက်စအလုပ်တွေရပ်ပြီးတာနဲ့ သူငယ်ချင်းတွေထိုင်နေတဲ့ဆိုဖာရှိရာထလာရတော့သည်။
"ဒီကောင် တော်တော်အဖြစ်သည်းနေတာ ငါတို့ဝင်လာတုန်းကတော့တစ်ချက်ပဲကြည့်ပြီး သူ့အကိုအကြောင်းပါလာတာနဲ့တအားတွေနော်..."
ဟန်ဝူးကသူ့ကိုစနောက်နေပြီး
ဂျေဟွာကပါထောက်ခံလာသည်။
သို့ပေမယ့် ဟွမ်ကတော့ရောက်လာထဲက မျက်နှာမသာမယာနဲ့ငြိမ်နေတာကိုJungkookသတိထားမိ၏။"ဂျေဟွာ မင်းပြောနေတာ ငါနားမလည်ဘူး ရှင်းအောင်ပြော"
ဂျေဟွာက မီရာပြောသွားတဲ့စကားကိုသူ့အားပြန်ပြောပြလာသည်။ဟန်ဝူးကတော့ မျက်နှာပျက်နေတဲ့ ဟွမ်ကိုကြည့်ပြီး ရယ်နေတော့တာ။နောက်ဆုံးတော့ ဒီမရေမရာ မသေချာတဲ့စကားကိုကြားသွားပြီးတော့ သူ့သူငယ်ချင်းတွေက ကုမ္ပဏီတန်းမသွားနိုင်ကြဘဲ အပြေးအလွှားရောက်လာကြခြင်းပေါ့။
"ဘာများလဲလို့ကွာ မဟုတ်တာတွေ
အကို့မှာချစ်သူမရှိဘူး ဟွမ် မင်းမျက်နှာပြင်ထားစမ်းပါ အဲ့ကောင်မလေးသပ်သပ်ပြောသွားတာ""မင်းက မဟုတ်ဘူးဆိုတာဘယ်လိုသိတာလဲ"
ဟွမ်က လက်မခံချင်းသေးပဲသူ့ကိုစကားပြန်ပြောလာသည်။တစ်ခါမှအတည်မခံစားဖူးတဲ့ သူငယ်ချင်းက
အပီအပြင်ကြေကွဲနေတော့ သူတို့ပါနည်းနည်းရှိန်သွားရသည်။ဟွမ်က မီရာကိုအရမ်းသဘောကျနေတာပေါ့။ငါတို့သူငယ်ချင်းနှစ်ယောက်ကတော့ သူတို့သူငယ်ချင်းနှစ်ယောက်နဲ့က ရေစက်တွေပဲလို့သာ စိတ်ထဲတွေးနေမိတော့တဲ့Jungkookရဲ့အဖြစ်။"အကို့မှာချစ်သူရှိရင် ငါနမ်းတာခံမလားကွ ပြီးတော့အဲ့ကောင်မလေးက
သူ့သူငယ်ချင်းလို့ငါ့ကိုပြောပြဖူးတယ်"
