ep 32

4.7K 338 55
                                    

#Unicode

Taehyungက ညနေdinnerကိုသွားဖို့ကို
မနက်၁၁နာရီလောက်ကတည်းကပြင်ဆင်နေတာဖြစ်သည်။ည၆နာရီမှာဧည့်သည်တွေကလာကြမှာဖြစ်ပြီး အဲ့အချိန်မှပွဲကစမှာဖြစ်ပေမယ့် သူကတော့ကြိုသွားပြီးလိုအပ်တာတွေဝိုင်းဝန်းကူညီပေးဖို့တွေးထားသည်။တီချယ်ကြီးနဲ့က ခဏခဏဆုံဖြစ်ပေမယ့် Jungkookဒယ်ဒီနဲ့ကြတော့ သူ့သားချစ်သူအနေနဲ့က အခုမှစပြီးတွေ့ဆုံရမှာပင်။အနည်းငယ်တော့စိုးရိမ်မိသည်။
နာရီဘူးလေးနဲ့တီချယ်ကြီးကြိုက်တဲ့ဖျော်ရည်ဘူးကို စားပွဲပေါ်တင်နေတုန်း သူ့ဖုန်းကအသံမြည်လာသည်။

"ပြော...."

"အသံကြီးကလည်း ထယ်ထယ်လေးက ငါ့ကိုစိတ်ကောက်နေတာလားဟင်...."

"မီရာ နင်ပြောစရာမရှိရင်ဖုန်းချတော့မယ်
ငါမအားဘူး"

"ဟိုး....ဟိုး...ပါဆရာရယ် ကျွန်မပြောစရာဆိုတာထက် တင်ပြစရာလေးရှိတာပါ....."

Taehyungကဖုန်းထဲကနေ ဟမ့်ဆိုပြီးမကျေမလည်ပြောသံကို သူမကြားလိုက်ရတော့ ဆိုဖာပေါ်မှာပက်လက်လှန်နေရာကနေ ငေါက်ခနဲထထိုင်လိုက်မိသည်။

"ဒီလိုပါဟာ မနေ့ကငါကဆယ်ရာကိုခေါ်လာတာမဟုတ်ပါဘူး အန်ကယ့်မွေးနေ့ကိုလက်ဆောင်လေးပေးဖို့ဆိုပြီး ငါနဲ့ဟွမ်ကဝယ်ဖို့လာကြတာ သူကဟွမ်ကိုဖုန်းဆက်ပြီး ဘယ်ရောက်နေလဲဘာညာနဲ့မေးတော့
ဟိုကိုယ်တော်ကဖြေပါလေရော အဲ့မှာပဲသူလည်းဝယ်စရာရှိလို့လာရင်း ငါတို့နဲ့နေ့လယ်စာအတူစားမယ် သူ့ကိုစောင့်နေဆိုပြီး ဖုန်းချသွားပါလေရော ငါတို့မှာငြင်းချိန်ကိုမရလိုက်ဘူး"

"အဲ့ဒါနဲ့ပဲနင်က ရယ်မောပျော်ရွှင်ပြီး လမ်းအတူတွဲလျှောက်နေတာပေါ့ "

"မိန်းကလေးအချင်းချင်းဆိုတော့လည်းဟယ် နည်နည်းပါးပါးပြောပေးရတာပေါ့
ငါ့သူငယ်ချင်းလေးကိုလုပ်ထားတာကို ငါကမေ့ပါ့မလား နင့်ကိုမနေ့ကတည်းကဖုန်းဆက်ပြောပြမလို့ပဲ Jungkookနင့်အနားရှိနေမှာစိုးတာနဲ့မပြောတော့တာ ခုနကမှဟွမ်ကဖုန်းဆက်ရင်းပြောပြတာ နင်ကနင့်အိမ်မှာ Jungkookကသူ့မိဘအိမ်မှာတဲ့ အဲ့ဒါနဲ့ပဲငါအခုဖုန်းတန်းဆက်လိုက်တာ"

APOLLO Where stories live. Discover now