#Unicode
အိမ်ကနေစားသောက်ဆိုင်သွားဖို့ကို
နာရီကြည့်ပြီးTaehyungမှာ ထိုင်လိုက်ထလိုက်နဲ့။မေမေကတော့ ပန်းပင်တွေကိုရေဖြန်းနေပြီး သီချင်းတအေးအေးနဲ့။မေမေက သူ့ကိုတစ်ဦးတည်းသောသားအနေနဲ့မွေးပြီး မေမေ့ရဲ့ငယ်ဘဝတစ်ခုလုံးကို သူ့အတွက်သာနစ်မြုပ်ထားသည်။မေမေဝါသနာပါတဲ့ စားဖိုမှူး အလုပ်ကိုသူ့အတွက်စွန့်လွှတ်ခဲ့သည်။
မေမေပိုင်တဲ့Hotelကိုလည်း ညီမနဲ့သာshareပြီးတော့ အဒေါ်ပေးသလောက်သာမေမေကယူသည်။
Taehyungမူလတန်းတက်တဲ့အရွယ်မှာအဖျားကြီးပြီးသတိမေ့သွားခဲ့သည်။
အဲ့အချိန်မှာသူ့ကိုထိန်းပေးနေတဲ့အဒေါ်ကြီးကလွဲရင် မေမေရောဖေဖေပါသူ့အနားမှာမရှိခဲ့ကြ။ဆေးရုံကိုရောက်သွားတာလည်းအဒေါ်ကြီးကခေါ်သွားခဲ့ခြင်းပင်။မေမေသိတဲ့အချိန် သူကသတိတောင်ပြန်ရနေခဲ့ပြီ။
ထိုအချိန်ကစလို့ မေမေကသူ့ဝါသနာ သူ့အလုပ်တွေကိုပစ်ချပြီး Taehyungအနားမှာသာနေပေးတော့သည်။"မေ့သားလေး ဘာတွေတွေးနေတာလဲ
6နာရီခွဲပြီ သွားကြရအောင်လေ"မေမေပြောမှ သူသတိပြန်ဝင်လာသည်။7နာရီခွဲချိန်းထားပေမယ့် ကားလမ်းပိတ်တာကြောင့် စောစောလေးကြိုသွားကြရမှာဖြစ်သည်။
"ဟုတ်မေမေ သားတို့သွားကြမယ်လေ"
"အဲ့ကောင်လေးအကြောင်းတွေ တွေးပြီးအချိန်တွေကိုမေ့နေတာပေါ့လေ"
"မေမေရ နောက်ပြီ၊သားက မေမေ့အကြောင်းတွေးနေတာ သားကိုဒီလောက်ချစ်တဲ့မေမေက အခုလိုကောင်လေးတစ်ယောက်ကိုလိုက်တွေ့ပေးဖို့အဆင်ပြေလို့လား"
"ပြေတာပေါ့သားရဲ့ ချစ်ပေးတယ်ဆိုထဲကပျော်ရွှင်စေချင်တယ် ငါ့သားလေးကိုစိတ်ချမ်းသာစေချင်တယ်လေ အဲ့လိုမလုပ်နိုင်တဲ့သူတွေကအတ္တသမားတွေ
သူများကိုချစ်တယ်ပြောနေပေမယ့် တကယ်တမ်းကြသူတို့ကိုသူတို့သာချစ်ကြတာ သူများစိတ်ချမ်းသာဖို့မတွေးပဲ
ကိုယ်စိတ်ချမ်းသာဖို့ပဲတွေးနေတာ
ပြန်တော့မပြောနဲ့ အဲ့ဒါသားဖေဖေပဲ"ပြောပြီးသားမိနှစ်ယောက်ပြိုင်တူရယ်မိသည်။ဖေဖေမပါပဲ ဖေဖေ့အတင်းကိုပြောတာက သူတို့သားမိနှစ်ယောက်ရဲ့အကျင့်ပင်။