#Unicode
ခွဲခန်းဝင်နေတဲ့အချိန်ကအတော်လေးကြာနေပေမယ့် အထဲကအခြေအနေကိုအခုထိမသိရသေး။ဆေးရုံကို ဆယ်ရာ့ရဲ့အဖေရော ဒယ်ဒီနဲ့မာမီပါရောက်လာကြသည်။Jungkookလည်း ဟိုလျှောက်ဒီလျှောက်နဲ့စိတ်တွေကမငြိမ်မသက်ဖြစ်နေတော့သည်။သူတောင်ဒီလိုဖြစ်နေတာ ဆယ်ရာကို ကိုယ်တိုင်ကုပေးနေရတဲ့အကို့စိတ်ထဲ ဘယ်လိုများဖြစ်နေလိမ့်မလဲ။
"စိတ်မပူပါနဲ့သူငယ်ချင်းရယ် ဆယ်ရာလေးဘာမှဖြစ်လောက်မှာမဟုတ်ပါဘူး
အဆင်ပြေမှာပါ"ဆယ်ရာ့အမေကို မာမီကနှစ်သိမ့်နေပြီး
အဖေတွေကတော့ ထိုင်စောင့်နေကြသည်။"စာကိုဖတ်ကြည့်ပါအုံး စာပါရေးခဲ့တာ
သူ့ကိုသူအဆုံးသတ်ဖို့လုပ်ခဲ့တာ ကိုယ်တို့အတွေ့မြန်လို့သာပဲ Jungkookလာမှာမလို့ သူ့ကိုသွားပြောတော့မှကိုယ်လည်းတွေ့တာ "ဆယ်ရာ့အမေပေးတဲ့ လုံးချေခံထားရတဲ့စာရွက်ထဲမှာ ရေးထားတဲ့စာတွေက ဘုရားရေ!
ဘယ်လိုများ သားကြောင့်ဆိုပြီးရေးထားရတာလဲ။သားကဆယ်ရာကိုငြင်းလိုက်တာဖြစ်လို့ သူငယ်ချင်းတွေကြားမှာ မျက်နှာတောင်မဖော်ရဲတော့တဲ့အကြောင်းနဲ့အငြင်းခံရတာကလည်း
မိန်းကလေးတစ်ယောက်ကြောင့်မဟုတ်ဘဲ ယောက်ျားလေးတစ်ယောက်ကြောင့်ဖြစ်နေလို့ဆိုပြီးရေးထားကာ
သူကတော့ ဒီပတ်ဝန်းကျင်ကနေပြေးနေရပြီမလို့ ရွေးချယ်စရာမရှိတော့တဲ့အကြောင်းတွေရေးထားတာပဲ။
ယောက်ျားလေးနဲ့ပြိုင်အငြင်းခံရတာဖြစ်လို့ အရှက်ပိုရသည်တဲ့။"အိုကွယ် မလုပ်ကောင်းတဲ့အရာတွေကိုဆယ်ရာလေးကကွယ်"
"သမီးလေးက ဘယ်လောက်တောင်မှပင်ပန်းနေလို့ ဒါမျိုးကိုရွေးသလဲမှမသိတာ ကိုယ်တို့ကတောင်မှ Jungkookနဲ့သမီးက အချိန်တန်ရင်လက်ထပ်မယ်ပဲတွေးထားတာလေ ကိုယ်တို့အသိုင်းအဝိုင်းထဲလည်း ဒါကပွနေတဲ့ကိစ္စပဲ သားကိုနည်းနည်းလေးတောင်နားမချပေးဘူးလား သူငယ်ချင်းရယ်"
ဆယ်ရာ့အမေပြောနေသမျှ မာမီကငြိမ်နားထောင်နေရှာတာပါဘဲ။ပြောမလို့လုပ်နေတဲ့Jungkookကိုကြည့်ပြီးတော့လည်း မာမီကခေါင်းခါပြနေတော့ လေပူသာမှုတ်ထုတ်ပြီး နေလိုက်ရတော့သည်။ထိုအချိန်မှာပဲ ခွဲခန်းထဲကနေ အကိုတို့ကထွက်လာကြတော့သည်။
![](https://img.wattpad.com/cover/285315589-288-k319617.jpg)