ep 28

4.3K 365 94
                                    

#Unicode

အကိုနဲ့သူတွဲနေတာကို နှစ်ဖက်ဆွေမျိုးအသိုင်းအဝိုင်းတွေကသိသွားကြပြီး သဘောတူပေးတဲ့သူရှိသလို သဘောမကျကြောင်းပြောတဲ့သူတွေလည်းရှိသည်။
အဲ့လူတွေထဲမှာမှ အကို့အဘိုးကအဆိုးဆုံးပင်။အခုလည်းသူတို့နှစ်ယောက်နေတဲ့အိမ်ကိုမနက်စောစောရောက်လာပြီး စာချုပ်တွေကိုအကုန်ပြန်တောင်းနေတော့သည်။
ဒူးနာနေလို့ မက်တပ်ရပ်ရင်အသုံးပြုတဲ့လက်ထဲကတုတ်ကြီးတရမ်းရမ်းနဲ့ အကို့ကိုလည်းရွယ်နေတာမရပ်မနား။

"မင်း ငါတို့ကအလိုလိုက်ထားလို့ဆိုးနေတာပဲ ဆိုးရင်လည်းဂျီဟိုတို့လိုဆိုးလိုက်စမ်းပါ နောက်ကနေငွေထုတ်ပိုက်ပြီး ဒီအဘိုးကလိုက်ရှင်းပေးမှာ လူသိယုံမကလို့
အကျယ်အကျယ်တွေဖြစ်ပါစေအုံး ငါအကုန်ရှင်းပေးနိုင်တယ် အခုကိစ္စက ငါ့မြေးက ငါအများကြီးမျှော်လင့်ထားတဲ့မြေးက ကောင်လေးတစ်ယောက်နဲ့ကြိုက်နေတာတင်မဟုတ် လက်ပါထပ်မလို့ဆိုတော့ မင်းပြန်စဉ်းစားကြည့်စမ်း"

"အဘိုးစဉ်းစားနေတာတွေကိုအဘိုးပဲသိမှာပေါ့ ကျွန်တော်ကစဉ်းစားလိုက်ရင် ကျွန်တော်မှန်နေတာအသိအသာကြီးကို"

"အမလေး...ငါ့နှယ်ကွာ"

Taehyungပြောလိုက်တော့ အဘိုးက အာမေဍိတ်သံမျိုးစုံနဲ့ သူ့ဇတ်ပိုးကိုလက်နဲ့ပြန်ဖျစ်နေသည်။အတူလိုက်လာတဲ့အဖွားနဲ့အတွင်းရေးမှူးကတော့ စိတ်လျှော့ပါ စိတ်လျှော့ပါနဲ့တားနေကြသည်။

"မင်းက မင်းကိုယ်မင်းပဲကြည့်တာကို
မင်းအဖေမျက်နှာ ငါတို့မျက်နှာ အသိုင်းအဝိုင်းမျက်နှာကိုမှမကြည့်တာ"

"အဘိုးတို့အဘွားတို့ကျွန်တော့်ကြောင့်မျက်နှာပျက်ရအောင် ဘယ်နှစ်ခါများလုပ်ခဲ့ဖူးလို့လဲ"

"အေး အဲ့လိုလုပ်ခဲ့ရင်မှငါကဖြေသာအုံးမယ် အမြဲလိမ္မာပြီး ထက်မြက်နေတဲ့သားက အဘိုးကိုအဲ့လိုလုပ်လို့မဖြစ်ဘူးလေ
မင်းတို့စိတ်ကစားနေတဲ့ခဏမလို့ပါ ရေရှည်မဖြစ်ပါဘူး အဘိုးစကားနားထောင်စမ်းပါ Taehyungရာ"

အဘိုးကသူ့ကိုချော့တစ်ခါ၊ခြောက်တစ်လှည့်နဲ့ ဒီလိုတွေလာပြောနေတာ ၅ရက်လောက်ရှိနေပြီ။

APOLLO Donde viven las historias. Descúbrelo ahora