ep 21

6.1K 435 115
                                    

#Unicode
မနက်မိုးလင်းခါနီးမှခဏလေးအိပ်ပျော်သွားတဲ့အချိန်မှာ ဖုန်းမြည်သံကအဆက်မပြတ်ထွက်ပေါ်နေသည်။
ဖုန်းကိုယူကြည့်လိုက်တော့ ပန်းအလှဆင်ပေးမယ့်ကုမ္ပဏီကဖုန်းဖြစ်နေတော့သည်။
အိပ်ယာပေါ်ကထပြီး သက်ပြင်းတစ်ချက်ရှိုက်ကာဖုန်းကိုင်ဖြစ်လိုက်သည်။

"ဟယ်လို"

"ဟုတ်ကဲ့အကို အကိုလိုချင်တဲ့ပန်းတွေမှာထားတာရောက်နေပါပြီ  နေရာလေးတစ်ချက်လှမ်းပြီးအတည်ပြုတာပါရှင် အရင်ပြောထားတဲ့နေရာပဲလားရှင့်"

"ဟုတ်ပါတယ် အဲ့ဒီဟိုတယ်ရောက်တာနဲ့ကျွန်တော့နာမည်ပြောလိုက်ပါ သူတို့အခန်းကိုလိုက်ပြပါလိမ့်မယ်"

"ဟုတ်ကဲ့အကို......မနက်ပိုင်းမှာညီမတို့စပြီးပြင်ဆင်မှာဖြစ်လို့ ပန်းအလှဆင်မယ့်နေ့ကြ အကို့စိတ်တိုင်းကျလာကြည့်ပြီး ပြင်ဆင်ခိုင်းလို့လည်းရပါတယ်ရှင်"

"ဟုတ်ကဲ့ ကျေးဇူးပါ"

ဖုန်းချပြီးတဲ့အထိ Jungkookမှာငူငိုင်နေမိတုန်း။အခု သူဘယ်ကစပြီး ဘာဆက်လုပ်ရမယ်မှန်းကိုမသိသေး။ခရီးမသွားခင်ကတည်းက ဟွမ်တို့ပိုင်တဲ့hotelမှာကြိုတင်ပြီး အခန်းယူထားတာ။
ခေါင်းမိုးထပ်ကအခန်းဖြစ်ပြီး မြက်ခင်းပြင်နဲ့ဟန်မြစ်ကိုပါလှမ်းမြင်နေရကာ ထိုနေရာက စုံတွဲတွေအတော်များများAniversaryကျင်းပနေကြနေရာ။

ပန်းအလှပြင်ဆင်မှု့ကိုပါသူ့စိတ်ကြိုက်ရွေးထားကာ လက်စွပ်ဒီဇိုင်းကိုပါကြိုမှာထားပြီးသားပင်။အကို့သူငယ်ချင်းတွေနဲ့သူ့သူငယ်ချင်းတွေကိုပါဖိတ်ပြီး သူတို့ပွဲလေးကိုလှပစွာကျင်းပချင်ခဲ့တာ။

တကယ်တော့ခရီးကိုသူမလိုက်ဖို့ငြင်းခဲ့သေးသည်။အကို့ကိုဖွင့်ပြောရင်လည်း
လိုက်သွားခိုင်းမှာဖြစ်ပေမယ့် သွားတဲ့ရက်တွေမှာ စိတ်ထိခိုက်ပြီးကျန်ခဲ့မှာကိုသူမလိုချင်တာကြောင့်ဖွင့်မပြောဖြစ်ခဲ့။
သူငယ်ချင်းတွေကြားထဲမှာကြတော့လည်း အကိုကဆယ်ရာကိုသဘောမကျလို့ လိုက်ခွင့်မပြုဘူးလားလို့မေးနေတော့ ဆယ်ရာ့သိက္ခာကိုထိန်းပေးတဲ့အနေနဲ့သူလိုက်သွားခဲ့သည်။

APOLLO Onde histórias criam vida. Descubra agora