#Unicode
Taehyungတို့ခဏစောင့်ပြီးတာနဲ့Leoက ခရီးသည်တွေကြားထဲရဲ့အလည်နေရာလောက်ကနေ သူတို့ကိုလက်ပြနေသည်။ဒီလိုအချိန်မှာLeoကိုတွေ့တာနဲ့ပျော်ရွှင်စွာလက်ဝှေ့ယမ်းပြပြီး အပြေးကြိုဆိုရမှာပင်။သို့ပေမယ့်အခုတော့ Taehyungနဲ့မီရာမှာ အပြုံးမျက်နှာဖြစ်အောင်မနည်းလုပ်ယူနေရသည်။
Taehyungတို့သုံးယောက် လေဆိပ်ကနေထွက်လာကြပြီး Leoနေမယ့်တိုက်ခန်းကိုရောက်လာကြသည်။တကယ်ကပေါက်ကွဲလိုက်ချင်ပေမယ့်သူ့စိတ်ကိုအတက်နိုင်ဆုံးထိန်းထားတာ။Taehyungစိတ်ထဲရှုပ်ထွေးနေပေမယ့် မတွေ့ရတာကြာပြီဖြစ်တဲ့သူငယ်ချင်းရှေ့မှာတော့ သူပျော်ရွှင်နေတဲ့ပုံစံကိုသာပြချင်သည်။တွေးလေ စိတ်တိုလာလေပင်။ဘာလို့များသူ့ကိုစကားလေးတစ်ခွန်းတောင်မဟရတာလဲ။
Jungkookအတွက်သူ့ရဲ့ဖြစ်တည်မှုက အရုပ်တစ်ရုပ်သာသာပဲလား။သူတို့နှစ်ယောက်က နီးကပ်နေပေမယ့်လည်း အပြည့်အဝမရင်းနှီးခဲ့ကြသလိုပဲလို့ခံစားလာရသည်။မနက်ဆိုသက်ဆိုင်ရာအလုပ်ကိုယ်စီကိုသွားကြသည်။ညဘက်မှတွေ့ကြရသည်။ဒီကြားထဲအလုပ်တွေရှုပ်နေတယ်ဆိုပြီး တစ်ပါတ်ဆယ်ရက်လောက်မတွေ့ဖြစ်ကြတာတွေလည်းရှိသည်။မဟုတ်မှ မတွေ့ဖြစ်တက်တဲ့ရက်တွေမှာလည်း သူတို့ကဒီလိုပဲတွဲသွားတွဲလာလုပ်နေကြတာလား။တွေးရင်းနဲ့မလိုလားအပ်တဲ့အတွေးတွေပါဝင်လာတာကြောင့် လေပူတစ်ချက်ကိုခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်မိသည်။
သူ့ရင်ထဲမှာအရမ်းမွန်းကျပ်နေပြီး ခံရခက်နေသည်။"Taehyung ဘာဖြစ်လို့လဲ အဆင်မပြေဘူးလား"
လက်ဆောင်ပစ္စည်းတွေထုတ်နေတုန်းမှာသက်ပြင်းချသံခပ်ပြင်းပြင်းကြားလိုက်ရလို့Leoလှည့်ကြည့်မိတော့ ဆိုဖာပေါ်မှာထိုင်နေတဲ့Taehyungက နောက်မှီပေါ်ခေါင်းတင်ထားပြီး မျက်လုံးတွေကိုတော့မှိတ်ထားသည်။အလိုမကျတိုင်းဖြစ်တတ်တဲ့မျက်ခုံးတွေကအနည်းငယ်တွန့်နေသည်။
"အထွေအထူးမဟုတ်ဘူး အေးဆေးပါ"
"ဘာအထွေအထူးမဟုတ်ရမှာလဲ
ငါပြောပြမယ်Leo... Taeရဲ့boyfriendက
ခရီးထွက်သွားတယ် ဒါပေမယ့်Taeက
တစက်လေးမှမသိဘူး နင့်ကိုလာကြိုမှသိရတာဟာ ကိုယ်တော်ချောကဘယ်ကိုဒိုးသွားလဲမသိဘူး တကယ့်ဆိုးတာလေးတွေ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာကိုတော့ပြောသွားသင့်တာပေါ့"
