#Unicode
Taehyung အိပ်ရာနိုးလာတော့ အခန်းထဲမှာဘယ်သူမှရှိမနေ။အိပ်နေရာကနေထထိုင်နေပေမယ့် ကုတင်ပေါ်ကဆင်းလို့အဆင်ပြေပါ့မလားလို့သူတွေးပူမိသည်။တွေးနေမိပေမယ့် ဖြစ်သင့်တာကိုတော့လုပ်ရမယ်။သူအောက်ရောက်အောင်ဆင်းရမယ်။အိမ်ကိုပြန်မှဖြစ်မယ်လို့တွေးပြီးတာနဲ့ ခြေထောက်နှစ်ဖက်လုံးကို ကြမ်းပြင်ပေါ်ကိုချနင်းကြည့်လိုက်သည်။ဖန်ကွဲစထိထားတဲ့ခြေထောက်ကနင်းလို့အဆင်မပြေ။နာကျင်မှု့ကရင်ထဲထိစူးကနဲ။တစ်ဖက်တည်းထောက်ပြီးတံခါးပေါက်ရောက်အောင် ခုန်စွခုန်စွနဲ့သွားလိုက်ရသည်။ယောက်ျားဘဲ ဒီလောက်ကတော့တောင့်ခံနိုင်ရမှာပေါ့။တံခါးနားရောက်တာနဲ့ တံခါးကိုဆွဲဖွင့်လိုက်တော့ မမြင်ချင်ဆုံးမျက်နှာကို အရင်တွေ့လိုက်ရသည်။
"ဘာဆင်းလုပ်တာလဲ နိုးလာရင်ခဏထိုင်နေပါ့လား"
"မထိုင်ဘူး ပြန်မလို့ ငါ့ရှေ့ကဖယ်"
ရှေ့မှာရပ်နေတဲ့ကောင်ကိုကြည့်တော့
မျက်မှောင်ကုပ်ပြီးသူ့ကိုကြည့်နေပုံက
ထရိုတ်ချင်စရာအတိ။ဒီလိုကောင်နဲ့နည်းနည်းလေးမှသူမရင်းနှီးချင်ဘူး။
ဘောင်းဘီတို အင်္ကျီလက်ပြတ်ကိုဝတ်ပြီး ဆံပင်ကိုလှန်တင်ထားသေးသည်။
ကြည့်ရတာတော့ gymကစားပြီးပြန်လာတဲ့ပုံ။အလုပ်မရှိ အကိုင်မရှိ မိဘလုပ်စာထိုင်စားနေပြီး ခန္ဓာကိုယ်ကိုတော့ ကောင်မလေးတွေကြိုက်အောင်တော်တော်ထိန်းသိမ်းထားတဲ့ပုံ။"ပြန်လို့မရသေးဘူး မာမီကမှာသွားတယ် ခြေထောက်ကအနာပျောက်သွားမှပြန်တဲ့"
"တီချယ်ကြီးက ဘယ်သွားတာလဲ"
"ဒယ်ဒီနဲ့ခရီးလိုက်သွားတယ် မနက်ဖြန်ပြန်လာမှာ"
"ဘာဖြစ်ဖြစ် ငါပြန်မှာ ငါ့သူငယ်ချင်းကိုလာခေါ်ခိုင်းမယ်"
Jungkookတော်တော်လေးကြည့်မရဖြစ်လာတာကြောင့် ရွဲ့ချင်စိတ်လေးပါအစစ်ပါလာသည်။ကိုယ်ကသူ့ကိုဘာလုပ်မှာကြလို့။ဖြစ်ပျက်နေပုံများ။
Kim Taehyungတို့က အလိုလိုက်ရင်ပိုဆိုးမယ်ဆိုတဲ့type။Jungkookကောင်းကောင်းမွန်မွန်ပြောနေတာကိုလက်မခံဘူး။မပြန်နဲ့ဆိုပြန်မယ်ကိုသာ ထပ်တလဲလဲပြောသည်။
![](https://img.wattpad.com/cover/285315589-288-k319617.jpg)