#Unicode
ထုံးစံအတိုင်း မနက်၆နာရီမှာTaehyungနိုးလာခဲ့သည်။ပြန်အိပ်လိုက်ရင် အိပ်ပျော်သွားနိုင်ပေမယ့် အိပ်လိုက်လို့မဖြစ်။
ဆယ်ရာကို သူတို့သွားကြည့်ရအုံးမှာ။
အဲ့မိန်းကလေးဟာ ဘာကြောင့်များ သူတို့ကိုအပြစ်လုပ်ခဲ့ရတာလဲ။အတွေးနဲ့အတူ
အိပ်ချင်နေတဲ့မျက်လုံးကို အားတင်းပြီးဖွင့်လိုက်တော့ Jungkookကအဝတ်တောင်လဲပြီးနေခဲ့ပြီ။"Morning"
"နိုးပြီလား"
"အင်း"
အိပ်ယာပေါ်ကမထသေးတဲ့အကို့အနားသွားထိုင်လိုက်ပြီး နဖူးပေါ်မှာဝဲကျနေတဲ့ဆံပင်တွေကိုသပ်တင်ပေးလိုက်သည်။
"ဒီနေ့အကို့နားရက်မဟုတ်လား
အိမ်ပြန်ပြီးနားလိုက်တော့ ဆေးရုံကိုကျွန်တော်ပဲသွားလိုက်ပါ့မယ် အကိုမလိုက်ခဲ့တော့နဲ့""မလိုက်လို့ရမလား မင်းတစ်ယောက်တည်းဖြစ်နေမှာပေါ့ ငါလိုက်ခဲ့မယ် ဒါကငါတို့နှစ်ယောက်နဲ့သက်ဆိုင်တဲ့ပြသနာလေ"
"အကိုနဲ့မဆိုင်ပါဘူး ကျွန်တော်နဲ့ပဲဆိုင်တာမလို့ ကျွန်တော်ပဲသွားလိုက်ပါ့မယ်နော်
လိမ္မာပါတယ် ဘေဘီက"အိပ်ယာပေါ်ကနေJungkookကိုမကြည်ကြည့် ကြည့်လိုက်ပြီးတာနဲ့ နှုတ်ခမ်းကိုရှေ့ထော်လိုက်သေးကာ ဂျစ်ကျနေသည်။
"မလိမ္မာပါဘူးနော် မင်းကိုဘယ်သူပိုင်တာလဲပြော"
"ဘေဘီပိုင်တာပေါ့"
"ဘယ်သူနဲ့ဆိုင်တာလဲ"
"ဘေဘီနဲ့ပဲဆိုင်တာပါဗျ"
ပြန်ဖြေနေတဲ့အချိန်မှာ Jungkookလက်ကိုဆွဲယူပြီး သူ့ပါးပြင်နားကိုကပ်ထားသေးသည်။
"အဲ့ဒါကြောင့်ပြောတာပေါ့ မင်းပြသနာကငါ့ပြသနာ မင်းနာကျင်မှု့ကငါ့နာကျင်မှု့ပဲမင်းအဆင်ပြေမှငါလည်းအဆင်ပြေပြေနေနိုင်မှာပေါ့ ချစ်မိပြီဆိုကတည်းက
တစ်ယောက်နဲ့တစ်ယောက်ကို ကာကွယ်ဖေးမချင်ကြတာပဲလေ ငါ့အမျိုးကောင်းသားလေးကို ငါကကာကွယ်ရမှာပေါ့""ကျွန်တော်ကလည်း အကို့ကိုကာကွယ်ချင်တာပေါ့ အဲ့ဒါကြောင့်မလိုက်ခဲ့နဲ့ဆို"