ep 20

5.6K 450 70
                                    

#Unicode
ညသန်းခေါင်ကျော်မိုးတွေရွာလျှပ်စီးတွေလက်နေတဲ့အချိန်မှာ ကျောပိုးအိတ်တစ်လုံးကိုသာဖြစ်သလိုလွယ်ထားပြီးခြံဝကနေ သူရှိရာဆီသို့လှမ်းလာနေသောကောင်လေးကိုမြင်တိုင်းTaehyungရင်ထဲမှာနာလာရသည်။ဒီကောင်လေးကို သူအရမ်းချစ်တာ။အခုလိုပုံစံကိုမြင်နေရတာကိုက ရင်ထဲမချိပေ။ဒါပေမယ့်......သူ့ဘက်ကချစ်နေပေမယ့် အနားမှာထားဖို့တော့မဖြစ်နိုင်တော့ဘူး။အက်ကြောင်းထင်သွားတဲ့အရာတွေက ဘယ်လောက်ပဲပြန်ဆက်သွားပါစေ အရာတော့ကျန်ခဲ့တာပဲ။

"အကို....."

"ရောက်လာပြီလား ဟွမ်ဖုန်းဆက်တယ်
မင်းပြန်လာနေပြီဆိုပြီးတော့လေ ဘာတွေအလျင်လိုနေတာလဲ ပျော်အောင်နေခဲ့ရောပေါ့ Maldives ကဒီလောက်လှတာကို"

Jungkookကိုကြည့်ကာ ခပ်ပြုံးပြုံးပြောနေတဲ့အကို့ပုံက ဘာမှမဖြစ်ခဲ့သလိုပင်။
အဲ့လိုပုံစံကိုမြင်မိတိုင်းJungkookမှာလန့်နေမိတာ။အကို့စိတ်က မှန်းရသိပ်ခက်တယ်။သွေးဆူနေပြီး ဒေါသထွက်လိုက်တာကမှတော်သေးတယ်။အေးစက်သွားတဲ့အခုပုံတွေဆိုရင်တော့ တကယ်ကိုသူ့မှာဘာလုပ်ရမယ်မှန်းပင်မသိတော့။

"အကို ဟန်ဆောင်မနေပါနဲ့ ကျွန်တော့်ကိုဒေါသထွက်လိုက်ပါ အော်ပြီးဆူပါအုံး
အဲ့လိုကြီးမနေပါနဲ့"

"ငါ....ဘာမှမဖြစ်ဘူး"

ပခုံးနှစ်ဖက်ကိုပါတွန့်ပြနေတဲ့အကို့ပုံက
ဘာမှမဖြစ်ခဲ့သလိုပင်။သို့ပေမယ့်မျက်ဝန်းတွေကတော့ မင်းငါ့ကိုလုပ်ရက်တယ်လို့မပြောယုံတမယ်ပင်။

"အကို့မျက်လုံးတွေက နာကျင်နေတယ်ဆိုတာကိုဖုံးကွယ်မထားနိုင်ပါဘူး ကျွန်တော်မြင်နေရတယ်"

"မင်းမြင်တာ အပေါ်ယံပါ၊ ငါ့နှလုံးသားထဲမှာနာနေရတဲ့အဖြစ်ကို မင်းမမြင်နိုင်ပါဘူး၊
ငါ့ရင်ထဲကနာကျင်မှု့ကိုလည်း မင်းခံစားလို့မရနိုင်ဘူး၊ ငါ အသက်ရှူနေရတာတောင်မှပင်ပန်းနေတယ် ငါ....ငါအရမ်းပင်ပန်းနေပြီ"

အကို့မျက်ဝန်းမှာမျက်ရည်တွေရှိမနေခဲ့ပါဘူး။အကို့စကားတစ်ခွန်းစီတိုင်းကသာ
Jungkookကိုမျက်ရည်တွေစီးကြလာစေသည်။သူဘယ်လိုပြောပြမှ အကိုကသူ့ကိုစိတ်ပြေမှာလဲ။ဘယ်လိုရှင်းပြရမလဲ။

APOLLO Dove le storie prendono vita. Scoprilo ora