#Unicode
ညဟာရှည်လျားနေ၏။အတွေးတွေနဲ့အိပ်မရဘဲ ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့ဖြစ်နေချိန်မှာ ခါးကနေပွေ့ယူပြီး ရင်ခွင်ကျယ်ထဲဆွဲသွင်းလိုက်တဲ့လက်တစ်စုံ။ပြန်ရုန်းထွက်တော့လဲအထွက်မခံပါပဲနဲ့တင်းကျပ်စွာပိုပြီးပွေ့ဖက်လာ၏။Taehyungကိုငုံ့ကြည့်လာပြီးပြောလာတဲ့လေငွေ့နွေးနွေးက
နဖူးပြင်တစ်ဝိုက်မှာ စိုးမိုးထားပြန်သည်။"ဘာဖြစ်လို့လဲ အိပ်မရဘူးလား
ဗိုက်ဆာလို့လား""ဗိုက်ဆာရင်လဲ မစားဘူးကွာ.....
မင်းကိုငါစိတ်တိုနေတာနော်"အခုမှပုံမှန်ပြန်ဖြစ်လာတဲ့Taehyung။
ဒီမကျေမနပ်အသံလေးကြားမှ Jungkookလဲပြုံးနိုင်တော့သည်။
ဘာမှမပြောပဲ တိတ်ဆိတ်နေတာထက်စာရင် အခုလိုမကျေနပ်တဲ့အရာကိုပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်တာက သူလဲဖြေရှင်းပေးလို့ရသေးသည်။"စိတ်တိုအောင် ဘာများလုပ်မိလို့လဲ
တကယ်မသိတာမလို့ ပြောပြပေး""မင်း ညကြီးအချိန်မတော်ရောက်လာတဲ့မိန်းကလေးကို အိမ်ထဲခေါ်စရာလား
သူတစ်ယောက်တည်းလာပြီး မင်းတစ်ယောက်တည်းရှိနေလဲ အခုလိုခေါ်ထားတာပဲလား""အာ....အဲ့ဒါကမလာပါဘူး ကျွန်တော်အခုမှတစ်ယောက်တည်းခွဲနေတာလေ
အရင်တုန်းကအိမ်လာရင်တော့ မာမီရှိပါတယ် သူဒီအိမ်ကိုညဘက်လာတာက
အခုမှပါ"အဲ့ဒီ့ကောင်မလေးနဲ့တွေ့ကတိုင်းပြသနာတွေကြီးပဲ။မိန်းကလေးတစ်ယောက်နဲ့ပြသနာဖြစ်နေရတာကိုလဲ သူသဘောမကျပါဘူး။ဘာလို့သူ့ကိုတွေ့သွားမှာစိုးရိမ်နေတာလဲဆိုတဲ့မေးခွန်းကိုတော့
မမေးဖြစ်ခဲ့။ပြန်ဖြေလာမယ့်အဖြေသာမရေရာခဲ့ရင် သူနာကျင်ရလိမ့်မယ်။သူ့အစီအစဉ်တွေထဲမှာ ဒါကမပါသေးဘူးလေ။အချစ်နဲ့တွေ့လာရင် နင်ကြိုတင်စီစဉ်ထားသလို ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူးလို့ မီရာပြောခဲ့သမျှကို သူဟားတိုက်ပြီးရယ်မောဖူးသည်။တကယ်တော့ သူ့အဖြစ်ကအခြေမခိုင်ပဲနဲ့သတ္တိရှိချင်ယောင်ဆောင်နေခဲ့မိတာပဲ။
"အိပ်တော့ မနက်ကိုစောစောသွားရမယ်မဟုတ်လား"
"အင်း....ငါ့ကို၆နာရီကိုနှိုးပေးနော်"
