ep 18

4.6K 410 66
                                    

#Unicode

Taehyungက အလုပ်စားပွဲမှာထိုင်နေပြီး ဆေးကုမ္မဏီရဲ့နှစ်ချုပ်စာရင်းတွေကိုပြန်စစ်နေသည်။ကုတင်ပေါ်မှာထိုင်နေတဲ့Jungkookက Laptopတစ်လုံးနဲ့ဘာတွေရှုပ်နေတယ်တော့မသိ။Taehyungလှမ်းကြည့်လိုက်တိုင်း မျက်နှာကLaptopနဲ့မခွာ။
အခုဆိုသူ့တိုက်ခန်းမှာနေတာထက်Taehyungအိမ်မှာလာနေတာများသည်။

စာရင်းတွေအကုန်လုံးချုပ်ပြီးတာနဲ့ဝန်ထမ်းတွေအတွက်နှစ်ကုန်မုန့်ဖိုးပေးဖို့ဖယ်ပြီး ကျန်တဲ့အမြတ်ငွေက သူတို့နှစ်ယောက်ပိုင်တာဖြစ်သွားသည်။

"Jungkook မင်းရဲ့အမြတ်ငွေကို ဘဏ်အကောင့်ထဲလွှဲပေးလိုက်မယ်နော်"

"အင်း...."

Taehyungကပြောလိုက်ပေမယ့်လှည့်မကြည့်လာပဲ ပြန်ဖြေလာသည်။အလုပ်စားပွဲကထလာတဲ့အထိ Laptopတစ်လုံးနဲ့သူ့မှာအလုပ်များနေတုန်း။Taehyungသူ့အနားသွားပြီးကြည့်လိုက်တော့Laptopကိုလျင်မြန်စွာပိတ်ပစ်လိုက်သည်။သူမပိတ်ခင်လျှပ်တပြတ်မြင်လိုက်ရတာက
ကမ်းခြေလိုနေရာမျိုးပင်။

"ပြီးသွားပြီလား"

"အင်း....ဘာရယ်မဟုတ်ဘူး ဒီတိုင်းလျှောက်ကြည့်နေတာ"

Taehyungတွေးရင်းနဲ့ပြုံးမိသွားသည်။
သူတို့နှစ်ယောက်ရဲ့aniverseryကရောက်တော့မယ်ဆိုတော့ ကမ်းခြေတစ်နေရာကိုခရီးထွက်ဖို့Jungkookကလုပ်နေတာပဲဆိုတာကို သူတွေးမိသွားတော့မပြုံးပဲမနေနိုင်တော့။

"ဘာတွေပြုံးနေတာလည်း"

ပြုံးနေတဲ့သူ့ကိုJungkookကရယ်ပြီးမေးလာသည်။

"ဘာမှမဟုတ်ပါဘူး ဒီတိုင်း.....ဒီတိုင်းမင်းငါ့နားရှိနေတာကိုသဘောကျလို့"

"လာ"

ကုတင်ပေါ်ကနေသူ့ကိုလက်နှစ်ဖက်ဆန့်တန်းကာ ခေါ်နေသောJungkookရဲ့ရင်ခွင်ထဲကို သူအလိုက်သင့်တိုးဝင်သွားလိုက်သည်။ဒီရင်ခွင်ကို အရမ်းသဘောကျတာပဲ။ဘာပြသနာတွေပဲရှိလာရှိလာ ဒီရင်ငွေ့ကိုလှုံလိုက်ရင် သူလုံခြုံသွားသလိုခံစားရမြဲ။

"ကျွန်တော်ကလည်း အကို့ကိုချစ်တယ်
အကို့အနားပဲအမြဲနေချင်တာ"

"အင်း.....ငါ့နားမှာပဲနေပေး"

တစ်ယောက်ကျောပြင်တစ်ယောက်ဖက်ထားကာ ဒီလောကကြီးမှာနှစ်ယောက်တည်းရှိနေသလိုမျိုး။ဒီအချိန်တွေကို Taehyungကသိပ်သဘောကျတာ။

APOLLO Donde viven las historias. Descúbrelo ahora