#Unicode
နှစ်ကုန်ပြီဆိုတာနဲ့Taehyungတို့မိသားစုတွေပိုင်တဲ့ကုမ္ပဏီခွဲတွေတိုင်းကို staff partyလုပ်ပေးသည်။ဆေးရုံဘက်ကိုတော့ ဂျူတီအဝင်အထွက်တွေရှိတာကြောင့် ဌာနရဲ့အထက်လူကြီးတွေကဦးဆောင်ပြီး ဌာနလိုက်ခွဲကာ ပါတီလုပ်ကြသည်။
ဆေးတင်သွင်းဖြန့်ချီတဲ့ကုမ္ပဏီက
Taehyungအပိုင်ဖြစ်သွားတော့ သူသွားပြီး ဝန်ထမ်းတွေနဲ့ခဏတွေ့ဆုံစကားပြောရပါအုံးမည်။Taehyungက
အကြာကြီးနေရင် ဝန်ထမ်းတွေ
မလွတ်လပ်မှာ စိုးရိမ်တာကြောင့် ခဏမျက်နှာပြပြီးပြန်လာဖို့ပါ စဉ်းစားထားလိုက်သည်။Partyကျင်းပတဲ့နေရာမှာ ဝန်ထမ်းတွေနဲ့အတူ သူတို့မိသားစုတွေ ပါတနာတွေ ပါလာကြပြီးနှုတ်ဆက်ကြ၊စကားပြောကြနဲ့ အကုန်ပျော်ပျော်ပါးပါးဖြစ်နေကြသည်။ခန်းမထဲမဝင်သေးဘဲနဲ့Taehyungခဏရပ်ကြည့်နေလိုက်မိသည်။ပီတိကိုစား အားရှိ၏တဲ့။
သူတို့ပြုံးပျော်နေတာကိုက Taehyungအတွက်ကြည်နူးပီတိဖြစ်ရသည်။အလုပ်မှာ ပျော်ရွှင်မှ အောင်မြင်မှု့နဲ့တိုးတက်မှု့က ဒွန်တွဲပါလာမှာမဟုတ်လား။
သူ့ဝန်ထမ်းတိုင်းက အလုပ်မှာပျော်ရွှင်စေရမည်။ထိုက်သင့်တဲ့လစာကို ရ,ရမည်။ကိုယ့်တာဝန်လည်းကိုယ်ကျေပွန်ကြရမည်။Taehyungရပ်နေတုန်းမှာ အနားကိုလျှောက်လာတဲ့ဖိနပ်သံကြောင့်လှည့်ကြည့်မိတော့ Jungkookဖြစ်နေသည်။နက်ဆွေးနေတဲ့ရှပ်အင်္ကျီကိုဝတ်ထားကာ လက်တွေကိုတော့အနည်းငယ်ခေါက်တင်ထားသည်။လက်ကတက်တူးတွေကလည်း ဝံ့ဝံ့ကြွားကြွားကို လှနေသေးတာ။
ဒါပေမယ့်လည်းTaehyungက မကြည်ကြည့်တစ်ချက်ကြည့်ပေးကာ မျက်နှာလွှဲလိုက်မိသည်။စကားမပြောချင်သေးဘူး။"မဝင်သေးဘူးလား"
"မင်း...."
မျက်နှာလွှဲထားတဲ့ဘက်ခြမ်းအထိ သူ့ခန္ဓာကိုယ်ကိုယိမ်းပြီး Taehyungမျက်နှာနားကိုကပ်ပြီး မေးလာတာဖြစ်သည်။
စကားမပြောချင်ပါဘူးဆိုမှ အသံကထွက်ဖြစ်အောင်ထွက်သွားတာကြောင့် ပါးစပ်ကိုပြန်ပိတ်ကာ သူ့ရင်ဘက်ကို လက်နဲ့တွန်းထုတ်ပစ်လိုက်သည်။"ကလေးလေးကျနေတာပဲ အကိုရာ...."
Jungkookကိုမကြည်ကြည့် ကြည့်နေတာကြောင့် အသည်းယားလာကာမစပဲမနေနိုင်တော့။စနောက်နေပေမယ့်လည်း စကားကတစ်ခွန်းမှပြောမလာခဲ့။
သူတို့ဘေးနားကိုလူတွေရောက်လာမှ အကို့စကားသံကထွက်လာတော့သည်။