ep 29

4.6K 372 81
                                    

#Unicode

"အင်း.....ပြန်လာနေပြီလား"

"ဟိုလေအကို ဟိုကောင်တွေကလေ အခုညသူတို့နဲ့ခဏနေပေးဖို့ခေါ်နေလို့"

Taehyungအပြင်သွားဖို့ပြင်ဆင်ပြီး ထိုင်စောင့်နေတုန်းမှာ Jungkookရဲ့ဖုန်းဝင်လာတာကြောင့် ပြန်လာနေပြီလို့ထင်လိုက်ပေမယ့် တကယ်ကဟုတ်မနေခဲ့။

"ဟမ်.....ဘယ်ကောင်တွေကတုန်း!"

"အကိုTaehyung ကျွန်တော်တို့ပါ သူနဲ့မတွေ့ရတာကြာလို့ လာခေါ်တာကို အကို့ဆီကခွင့်ပြုချက်ယူရအုံးမယ်ဆိုပြီး မူနေတာဗျာ အကိုကခွင့်ပြုပေးပါနော်"

Taehyungမှာ ဟွမ်တို့ကိုအားနာသွားရသည်။အနားကနေအကုန်ဝိုင်းပြောနေတော့ ပိုပြီးအားနာမိသည်။ဖုန်းဆက်ပြီးအသိပေးမယ်ဆိုလည်း သူတို့ရှေ့ဆက်ရလား။

"အကို ကျွန်တော်ခဏနေပြီးတာနဲ့ပြန်လာမယ်နော်"

"အေး...."

"အကို ဘာစားချင်လဲ ကျွန်တော်မှာပေးပြီး
လာပို့ခိုင်းလိုက်မယ်လေ ဂျပန်စာစားမလား"

"ရတယ် အိမ်မှာရှိတာနဲ့ပဲအဆင်ပြေသလိုစားလိုက်မယ် အိမ်ပြန်ချိန်အရမ်းနောက်မကျနဲ့ ရန်တွေဘာတွေမဖြစ်နဲ့နော်"

"နောက်မကျစေရဘူးအကို"

နောက်မကျစေရဘူးလို့တော့ကတိပေးပြီး
ရန်မဖြစ်ဘူးလို့တော့ကတိမပေးပဲ ဖုန်းကိုအမြန်ချသွားတာ။ဒီကောင်လေးကတော့လေ။Taehyungလည်း ထပ်ပြီးမဆက်ချင်တော့ဘူး။သူ့သူငယ်ချင်းတွေအနားရှိတော့ အားနာနေရသည်။

ဆောင်းဦးရဲ့ညနေခင်းက အအေးဓာတ်အနည်းငယ်ကဲနေသည်။နှစ်ယောက်သားအပြင်မှာညစားစားရင်း ပစ္စည်းဝယ်ဖို့လုပ်ထားရာကနေ ခုနကဝင်လာတဲ့ဖုန်းကြောင့် Taehyungစိတ်ထဲအလိုကမကျပေ။သူကိုယ်တိုင်ခွင့်ပြုလိုက်ရပေမယ့် စိတ်ထဲအဆင်မပြေတာက မပြေတာပင်။
ညစာကိုခေါက်ဆွဲပြုပ်စားပြီး စောစောစီးစီးအိပ်ယာထဲဝင်ကာ စောင်ပုံထဲနစ်နေရင်းနဲ့ သူကြည့်ချင်နေတဲ့ရုပ်ရှင်ကိုသာကြည့်နေလိုက်တော့သည်။

"Jungkook ငါတို့တော့အခုညယှဉ်ရမှာ
တကယ်တော့မလွယ်ဘူးကွ"

"မလွယ်ရင် လျှာသွားမရှည်နဲ့လေ ငါကအကိုနဲ့အပြင်သွားဖို့လုပ်ထားတာကွ
မင်းတို့တွေကတကယ့်ပြသနာကိုမှ မီးထွန်းရှာချင်နေတာ"

APOLLO Where stories live. Discover now