ep 10

6.2K 525 155
                                    

#Unicode
ဧည့်ခန်းထဲမှာ နှစ်ယောက်သားထိုင်နေကြပေမယ့် အခန်းရဲ့လေထုကသိသာစွာအေးစက်နေ၏။သူ့ရှေ့ကဆိုဖာခုံမှာခြေချိတ်ထိုင်နေသူကတော့ လက်ကိုပိုက်ထားကာ လှပတဲ့မျက်ဝန်းတစ်စုံကိုပါမှိတ်ထား၏။အပြင်ကပြန်ရောက်ရောက်ခြင်း စကားတစ်ခွန်းမှမပြောဘဲ
အခုပုံစံအတိုင်း ထိုင်နေတာဖြစ်သောကြောင့် Jungkookမှာ ဘယ်ကနေစပြီး ဘာကိုဖြေရှင်းရမယ်မှန်းမသိ။
ဝုန်းဒိုင်းကြဲနေတာကမှတော်သေးသည်။အခုလိုတိတ်ဆိတ်နေတာက သူ့ကိုပိုပြီးမသက်မသာဖြစ်စေသည်။

TVစင်ပေါ်မှာရှိနေတဲ့ ဒီဂျစ်တယ်နာရီကိုအကြည့်ရောက်တော့ ဘာမှမပြောဘဲထိုင်နေတာက ၃၅မိနစ်ကိုမှ ၁၈စက္ကန့်စွန်းနေခဲ့ပြီဆိုတာကို Jungkookသတိထားမိ၏။မာမီသူ့ကိုဆူမယ်ဆိုရင်တောင် ဒီလိုအချိန်မဆွဲခဲ့ဖူးပါလေ။အခုတော့သူ့မှာ မကြုံစဖူးတွေကြုံနေရတော့၏။အတွေးလွန်နေတုန်းမှာ မှန်စားပွဲပေါ်ကို ရိုက်ချလိုက်သောအသံကသူ့ကိုမျက်လုံးပြူးသွားစေသည်။တိတိကျကျဆိုပါက အကြောတင်းလေးက သူ့အားစိုက်ကြည့်လာခြင်းကြောင့်။

"အဲ့ပုံစံနဲ့ ငါ့ကိုအပိုတွေလာလုပ်မနေနဲ့ရှင်းလေ အခုကြပြောစရာမရှိတော့ဘူးလား ငါသည်းခံစိတ်ကိုလာစမ်းနေတာလား ဘာလို့မင်းပါးစပ်က တစ်ခွန်းမှထွက်မလာရတာလဲ!"

"ဟမ်...အော် ရှင်းပြဖို့စောင့်နေတာလား
မသိဘူးလေ ဒီတိုင်းစိတ်တိုပြီးငြိမ်နေတယ်ထင်တာ"

အမှန်တကယ်ကို Jungkookကအဲ့လိုထင်ခဲ့မိတာပါ။ခဏနေ သူစိတ်ပြေသွားမှပြောမလို့လုပ်နေတာကို အခုတော့ပိုဆိုးသွားခဲ့ပြီ။

"ကလေးကမူးလဲတယ်ဆိုတာနဲ့သတိမထားလိုက်မိဘဲ သွားမိတာ သတိရတော့နောက်ကြသွားခဲ့ပြီ ကျွန်တော်တကယ်တောင်းပန်ပါတယ်"

"ငါ့ကို လွယ်လွယ်မတောင်းပန်နဲ့
လွယ်လွယ်ကတိမပေးမိစေနဲ့
မင်းကတော့လွယ်လွယ်လေးပြောလိုက်တာပဲ ငါ့အတွက်ကတော့အဲ့လိုလွယ်မနေဘူး မင်းကတောင်းပန်လိုက်ရုံနဲ့ပြီးသွားပေမယ့် ငါကပြသနာတွေကိုရှင်းလိုက်ရတာ အခုလိုလွယ်မနေဘူး"

Taehyungဒီကောင်လေးနဲ့ရှေ့လျှောက်အလုပ်လုပ်ဖို့ကို သေချာညှိနှိုင်းမှရလိမ့်မည်။

APOLLO Where stories live. Discover now