#Unicode
Taehyungအိပ်ရာနိုးနိုးချင်းမြင်လိုက်ရတာက သူ့ကိုထွေးပွေ့ပြီးအိပ်ပျော်နေတဲ့Jungkookကိုပင်။ညကနည်းနည်းမူးချင်သလိုဖြစ်လာတာနဲ့ ပွဲမပြီးသေးခင်မှာပဲ ဒယ်ဒီနဲ့မာမီ့ကိုရော၊အမျိုးတွေကိုရောနှုတ်ဆက်ပြီး Taehyungက Jungkookအခန်းထဲမှာအရင်ဝင်အိပ်နေလိုက်ရသည်။Jungkookကအခန်းထဲအထိသူ့ကိုလိုက်ပို့ ညအိပ်ဝတ်စုံလဲပေးပြီးအိပ်ရာပေါ်မှာစောင်သေချာခြုံပေးခဲ့ရုံပါမက အခန်းမီးကိုပါနံရံကပ်မီးအိမ်လေးပြောင်းဖွင့်ပေးခဲ့သေးတာ။ တစ်ခုခုဆိုသူ့ကိုဖုန်းဆက်ဆိုသေချာမှာပြီးမှ ပွဲရှိရာကိုပြန်သွားသည်။Taehyungလည်း တစ်နေ့လုံးပင်ပန်းထားတာရော နည်းနည်းလေးလည်းမူးချင်သလိုဖြစ်နေတာကြောင့်ခဏလေးအတွင်းမှာပဲ အိပ်ပျော်သွားတော့သည်။Jungkookကအခန်းထဲကိုဘယ်အချိန်မှ ပြန်ရောက်လာလဲဆိုတာကိုလည်းသူမသိလိုက်တော့ပေ။စားပွဲပေါ်ကနာရီကိုကြည့်လိုက်တော့မနက်၇နာရီကျော်နေခဲ့ပြီ။အိပ်မောကျနေတဲ့သူမနိုးအောင်Taehyungကအသာလေးရုန်းထွက်ပြီးမှအိပ်ယာထလိုက်သည်။မျက်နှာသစ်ပြီး အောက်ထပ်ကိုဆင်းလာတော့ ထမင်းစားခန်းထဲမှာ တီချယ်ကြီးအသံကြားတာနဲ့ သူလည်းထမင်းစားခန်းသို့သာဝင်သွားလိုက်သည်။
"ဟော....Morningသား"
ဒယ်ဒီကသူ့ကိုအရင်မြင်တာကြောင့် ပြုံးပြီးနှုတ်ဆက်လာသည်။
"Morningပါ ဒယ်ဒီ"
"သားTae အစောကြီးထလို့ပါလား ဆက်အိပ်နေတာမဟုတ်ပဲ မာမီတို့အိမ်ကိုသားအိမ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ်နေပါသားရဲ့"
ဒယ်ဒီနဲ့မာမီကသူ့ကိုမြင်တာနဲ့ သူစိမ်းလိုသဘောမထားပဲJungkookနည်းတူဆက်ဆံပြောဆိုပေးတာဖြစ်တော့ သူ့မှာပျော်မိသည်။ကိုယ့်ကိုလက်မခံမှာစိုးရိမ်ခဲ့ပေမယ့် ကြည်ကြည်ဖြူဖြူလက်ခံပေးကြတော့ သူ့မှာဝမ်းသာကြည်နူးမဆုံးဖြစ်နေတော့သည်။
"မဟုတ်ဘူးမာမီ သားကပုံမှန်ဆိုဒီလိုအချိန်မှာထနေကြပါ"
"ဟုတ်ပါ့ ငါ့သားလေးကဒါ့ကြောင့်လူတော်လေးဖြစ်နေတာ.....
မင်းရဲ့Jungkookများတော့သားရယ်
အမြဲသူအိပ်ချင်တဲ့အချိန်မှ အိပ်ပြီး
သူထချင်တဲ့အချိန်မှထတာ မာမီကဘယ်လိုပြောပြောမရပါဘူး"
