Unicode
~~ ၄ ~~
"လာမီးလေး လာထိုင်..."
တီဇော်နဲ့ မျက်နှာခြင်းဆိုင်မှာ ထိုင်နေတဲ့ ကြီးမိဘေးမှာ ခပ်ရို့ရို့လေး ဝင်ထိုင်လိုက်သည်။
''ဝယ်လာတဲ့ အဝတ်အစားတွေ ဝတ်မကြည့်ဘူးလား မီးလေး...´´
''ဟုတ်...တချို့တော့ ဝတ်ကြည့်ပါတယ်...´´
''အဆင်ပြေတယ်မလား...တီဇော်က ယူခိုင်းလို့ ယူလာတာတွေရော အိမ်ရောက်တော့ ကြိုက်ရဲ့လား...´´
''ဟုတ်...ကြိုက်ပါတယ် ...´´
''မီးလေး ရန်ကုန်ရောက်ကတည်းက ရှော့ပင် ထွက်တာကလွဲပြီး ဘယ်ကိုမှ လိုက်မပို့ရသေးဘူးကွယ်...တီဇော် ခြံထဲက ပြန်လာမှ ရောက်သင့်တဲ့နေရာတွေ မီးလေး သွားချင်တဲ့ နေရာတွေကိုသေချာလိုက်ပို့တော့မယ်နော်...´´
''ဟင် တီဇော်က ...တီဇော်က ခရီး ထပ်ထွက်ဦးမို့လားဟင်...´´
''ဟုတ်တယ် ...ဒီတစ်ခါသိပ်မကြာပါဘူး...အတတ်နိုင်ဆုံး မြန်မြန်ပြန်လာမယ်နော်...´´ကာကာ ဘာပြောလိုက်ရမလဲ။ စိတ်ထဲမှာ
ဒီနေရာနဲ့ ရင်းနှီးသလိုလို ရှိလာခါမှ တီဇော်က ကာကာ့ကို သူစိမ်းတွေ ကြားထဲမှာ ထားခဲ့ပြန်ဦးမယ်။ ပေါင်ပေါ်မှာ တင်ထားတဲ့ ကာကာ့လက်ချောင်းတွေ မသိမသာ တုန်နေပြီ ။ ဦးခေါင်းကို ငုံ့ထားတာ မေးစေ့က ရင်ဘတ်နဲ့ ထိကပ်လုပြီ ။ တစ်ခုခုပြောဖို့ ကြိုးစားပေမဲ့ နုတ်ခမ်း တဆတ်ဆတ်တုန်နေတာကလွဲလို့ အသံက လည်ချောင်းထဲကနေ ထွက်ကျမလာ။ ကာကာဘေးမှာ ထိုင်နေတဲ့ ကြီးမိကို တီဇော်ဘယ်မှမသွားအောင် တားပေးပါဦးလို့ ပြောလိုက်ချင်သည်။ သို့သော် နုတ်ခမ်းတို့က ရင်တွင်းဆန္ဒနဲ့ဆန့်ကျင်စွာ တင်းတင်းစေ့လျက်သာ။''တီဇော်အိမ်မှာမနေနိုင်သေးပေမဲ့ မီးလေးအတွက် လိုအပ်တာတွေ စီစဥ်ပေးထားတယ်...လောလောဆယ်တော့ သင်တန်းတွေ တက်ရင်းနဲ့ ရန်ကုန်မြို့ကြီးနဲ့ ရင်းနှီးသွားအောင် ကြိုးစားလိုက်ဦး...ရော့ မီးလေးတက်ရမဲ့ သင်တန်းတွေနဲ့ အချိန်စာရင်းကို ဒီမှာရေးထားပေးတယ်...´´
တီဇော့်အသံနဲ့ လှုပ်ရှားမှုကြောင့် ချထားတဲ့မျက်လွှာကို မသိမသာ ပင့်ကြည့်တော့ ကာကာရှေ့က စားပွဲပေါ်မှာ စာရွက်ဖြူတစ်ရွက်။ ဝေဝါးနေတဲ့ အကြည့်ကြောင့် စာရွက်ပေါ်က စာလုံးတွေကို သေချာမမြင်ရ။ ဟင့်အင်း ဘာတွေရေးထားလဲ မသိချင်ပါဘူး ။ လည်ချောင်းတစ်ချက်ရှင်းပြီး အသံကို အတင်းညှစ်ထုတ်ရသည်။ ဘာမှမပြောပဲနေလို့ မဖြစ်တော့ဘူးလေ။
BẠN ĐANG ĐỌC
မီးအိမ်ငယ်ရဲ့ အလင်းရှင်
Lãng mạnမှောင်နေတဲ့ မီးအိမ်ကလေးကို သူမက အလင်းတွေ ထွန်းညှိပေးခဲ့တာ မီးအိမ်ရှင်ကလေး အမှောင်ထဲရောက်နေတဲ့အခါ မီးအိမ်ကလေးက လမ်းပြခေါ်ဆောင်ခွင့်ပြုပါ အလင်းမရှိတဲ့ မီးအိမ်နဲ့ မီးအိမ်မရှိတဲ့ အလင်းဟာ သီးခြားစီ ရပ်တည်ဖို့ ခက်ပါတယ် ခင်ဇော်ပျို သွန်းအလင်္က...