~~၁၁~~
Unicode''လင်္ကာ ခုတလော နင် ငြိမ်နေသလားလို့...နေမကောင်းတာလား...ဒါမှမဟုတ် အဆင်မပြေစရာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ရှိနေလား...ငါကူညီနိုင်တာရှိရင် ပြောနော်...''
ကာကာ ထိုင်နေတဲ့ ခုံဘေးလာရပ်ပြီး ပြောနေတဲ့ ဖိုးခေါင်ကို မော့ကြည့်ပြုံးပြလိုက်သည်။
''ကျေးဇူးပါ ဖိုးခေါင်...ငါဘာမှမဖြစ်ပါဘူး...ဒီလိုပဲ ငြိမ်ငြိမ်လေး နေတတ်လို့ပါ...''
''နင် အေးအေး ငြိမ်ငြိမ်နေတတ်တာ ငါသိပါတယ် လင်္ကာ...ဒါပေမဲ့ အခုအနေအထားက မတူဘူး...နင့်မှာ စိတ်ညစ်စရာ တွေးစရာ တစ်ခုခုရှိနေတယ်မလား...''
ကာကာမဖြေ ။ ရှေ့မှာ ဖွင့်ထားတဲ့ စာအုပ်ရဲ့ အနားစွန်းလေးတွေကို လက်နဲ့ပွတ်ဆွဲရင်း ငြိမ်နေလိုက်သည်။
''အေးလေ...အခု မပြောချင်လည်း ပြောချင်တဲ့ အချိန်ကျရင် နားထောင်ပေးမဲ့သူ ရှိတယ်ဆိုတာ မမေ့နဲ့နော်...''
ခေါင်းညိတ်ပြလိုက်ပေမဲ့ ကာကာစိတ်ထဲကနေတော့ ဟင့်အင်းဟု ငြင်းလိုက်မိသည်။ စိတ်ထဲမရင်းနှီးတဲ့လူတွေကို ဘာလို့များ ရင်ဖွင့်ရမလဲ ။
''သင်တန်းဆင်းရင် ဟော့ပေါ့ သွားစားကြမလို့...ဒီတစ်ခါတော့လိုက်မှရမယ်နော်...အရွှေနဲ့ ပြည့်လေးနဲ့ လိုက်မှာ ...အလိမ္မာကိုရော ခေါ်ထားတယ်...နင်ပါလိုက်ရင် ငါတို့ငါးယောက်သွားကြမလို့...''
''ငါပါမှ ငါးယောက်ဆိုတော့ ယောကျ်ားလေးက နင်တစ်ယောက်ပဲပါမှာလားဖိုးခေါင်...''
''ဟုတ်တယ်...''
''မိန်းကလေး တစ်အုပ်ကြားထဲ နင် အဆင်ပြေပါ့မလား...''
''နင်လိုက်မယ်ဆိုမှ ငါလည်းလိုက်မှာ လင်္ကာ...နင်မပါရင် ငါသူတို့နဲ့ မလိုက်တော့ဘူးလေ...''
ဒီလောက်အထိ ပြောလာတော့ ကာကာမလိုက်လို့ မကောင်းတော့ ။ ကြီးမိကို နောက်ကျမှလာကြိုဖို့ပြောပြီး သူတို့နောက် လိုက်ရတော့သည် ။ အမှန်အတိုင်းပြောရရင် ကာကာ ဘယ်မှ မသွားချင် ။ သင်တန်းချိန် ပြီးတာနဲ့ အိမ်မှာနေပြီး စာအုပ်တွေဖတ်လိုက် ၊မီးဖိုခန်းထဲမှာ ကြီးမိတို့နဲ့အတူတူ ဟင်းတစ်မည်လောက် ဝင်ချက်လိုက်၊ တီဇော်ပြန်လာမဲ့အချိန်ကို ခရေပင်အောက်ကနေ ထိုင်မျော်လိုက်သာ လုပ်ချင်သည်။
![](https://img.wattpad.com/cover/270462916-288-k916867.jpg)
ŞİMDİ OKUDUĞUN
မီးအိမ်ငယ်ရဲ့ အလင်းရှင်
Romantizmမှောင်နေတဲ့ မီးအိမ်ကလေးကို သူမက အလင်းတွေ ထွန်းညှိပေးခဲ့တာ မီးအိမ်ရှင်ကလေး အမှောင်ထဲရောက်နေတဲ့အခါ မီးအိမ်ကလေးက လမ်းပြခေါ်ဆောင်ခွင့်ပြုပါ အလင်းမရှိတဲ့ မီးအိမ်နဲ့ မီးအိမ်မရှိတဲ့ အလင်းဟာ သီးခြားစီ ရပ်တည်ဖို့ ခက်ပါတယ် ခင်ဇော်ပျို သွန်းအလင်္က...