မီးအိမ်ငယ်ရဲ့ အလင်းရှင်.13

1.9K 254 41
                                    

Unicode
                    ~~၁၃~~

     တမနက်လုံး ကာကာ ယောက်ယက်တွေ ခတ်နေတာ ။ အချိန်နီးလာလေ ပိုဆိုးလာလေ ။ အခုတော့ ကာကာမရောက်ချင်တဲ့ အချိန်က မဖိတ်ခေါ်ပါဘဲ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာပြီ ။ လေးပင်ပြီး နောက်ပြန်ဆွဲနေတဲ့ ခြေလှမ်းတွေနဲ့ အိမ်ရှေ့ကို ထွက်လာခဲ့သည် ။ အိမ် ဝင်ပေါက်တံခါးနဲ့ တည့်တည့်မှာ ရပ်ထားတဲ့ကားတစ်စီး။ အနီရောင်တောက်တောက် Honda Fit လေး ။ကာကာ မောင်းရမဲ့ကားတဲ့။ ကားကလေးက ပြေးလမ်းပေါ်ပြေးဖို့ တက်ကြွနေတဲ့ ပြိုင်မြင်းတစ်ကောင်လို ကြွားကြွားရွားရွား ရပ်တန့်နေသည် ။ဒီကားကြီးကို မနက်ကားကြပ်ချိန်ကြီးမှာ ကာကာကိုယ်တိုင် မောင်းရမှာတဲ့။ ဟင့်အင်း ကာကာကြောက်တယ်။

    ဒီကားဝယ်တုန်းက ဘယ်လောက်ပေးရလဲ ကာကာမသိ။ တီဇော်က သူ့စိတ်ကြိုက် ရွေးဝယ်လာတာ ။ အွန်လိုင်းပေါ်မှာ စျေးနှုန်းရှာကြည့်ရင် အနီးစပ်ဆုံးသိနိုင်ပေမဲ့ ကာကာမရှာ ။ မရှာရဲတာဆိုရင် ပိုမှန်မယ် ။ စျေးကြီးမှာ ကာကာသိပါတယ် ။ ဘဝမှာ တစ်ခါမှ အိပ်မက်မမက်ဖူးတဲ့ အရာတွေ ။

    တန်ဖိုးကြီးတဲ့ ပစ္စည်းကို ကာကာ မောင်းရင်းနဲ့ ထိခိုက်ပျက်စီးသွားရင် ဘယ်လိုလုပ်ရပါ့မလဲ ။ အမောင်းသင်တုန်းက ဘေးမှာဆရာပါပြီး အစမ်းမောင်းတော့လည်း လူသိပ်မရှုပ်တဲ့ အချိန်မှာ မောင်းရတာလေ ။ ခုက မနက်အစော ရုံးချိန်ဆို ကားကြပ်လမ်းပိတ်ချိန်ကြီးလေ ။ပြီးတော့ တီဇော့်ကို ရုံးလိုက်ပို့ရမှာ ။ မတော်တဆ ကားတစ်ခုခုဖြစ်လို့ တီဇော် ထိခိုက်မိရင်ရော ။ ဟင့်အင်း ။ မဖြစ်ဘူး ။ မဖြစ်ရဘူး ။

     ကားကလေးကို ရပ်ကြည့်နေရင်း သက်ပြင်းမောကို မသိမသာ ရှိုက်လိုက်စဥ် ပခုံးကို လာဖက်လ်ိုက်တဲ့ အထိအတွေ့ကြောင့် ငဲ့ကြည့်တော့ တီဇော် ။

   '' ကြောက်နေတာလား မီးလေး... .စိတ်အေးအေးထား...ဂင်ချားနား...ဂင်ချားနား...´´

       တီဇော့်ကိုမော့ကြည့်ရင်း ခစ်ခနဲ အသံထွက်အောင် ရယ်မိပြီ ။

     ''ကြောက်နေပါတယ်ဆို တီဇော်ရဲ့... မဂင်ချားနားပါနဲ့...´´

     ''ကြောက်နေလို့ ဂင်ချားနားတာလေ မီးလေးရဲ့...ဟော ရတီလာပြီ သွားကြစို့...´´

မီးအိမ်ငယ်ရဲ့ အလင်းရှင် Donde viven las historias. Descúbrelo ahora