Unicode
~~ ၅ ~~
မိုးပြာရောင်အခံမှာ အပန်းရောင် အပွင့်သေးသေးလေးတွေပါတဲ့ ဂါဝန်အရှည်နဲ့ ကောင်မလေးတစ်ယောက်က မှန်ထဲကနေ ကာကာ့ကို ခပ်တည်တည်ကြည့်နေသည် ။ အပြာနုရောင် စလင်းဘက်ကို ဘေးတစောင်း လွယ်ထားပြီး လက်တစ်ဖက်နဲ့ ဖိုင်အိတ်အကြည်လေးကို ရင်ဘတ်နားမှာ ပိုက်ကာ ခပ်မတ်မတ်ရပ်နေတဲ့ ကောင်မလေး။ မျက်နှာမှာ မိတ်ကပ်ပြေပြေလေးနဲ့။ ပန်းသွေးရင့်ရင့် နုတ်ခမ်းဖူးဖူးလေးနဲ့။ ခါးနားမရောက်တရောက် ဖြောင့်စင်းနေတဲ့ ဆံနွယ်နက်နက် ပျော့ပျော့အိအိလေးတွေကို သပ်သပ်ရပ်ရပ် စည်းနှောင်ထားသည်။ အရှေ့ဘက်မှာ ပါးပြင်ပေါ်နဲ့ နဖူးဆီမှာ လှလှပပလေး ဝဲကျနေတဲ့ ဆံနွယ်မျှင်လေးတွေက အမြဲအပြောင်သိမ်းထားတဲ့ မျက်နှာကို ပိုပြီးနုပျိုလှပစေသည် ။မှန်ထဲမှာ မြင်နေရတဲ့ မျက်နှာထားကတည်ငြိမ်နေပေမဲ့ မျက်ဝန်းက အရိပ်ကိုတော့ မဖုံးကွယ်နိုင်။ မျက်ဝန်းဆိုတာ အတွင်းစိတ်ကို ဖော်ကောင်လုပ်တတ်တဲ့ အမှန်တရားရဲ့ ဘက်တော်သား ။ မှန်ထဲက ပုံရိပ်လှလှလေးရဲ့ မျက်ဝန်းမှာ ကြောက်ရွံအားငယ်နေမှုတွေ ။
ဒီနေ့ ဒေါ်ခင်ဇော်ပျိုရဲ့ အရိပ်ကနေ သူစိမ်းတွေကြားထဲကို တစ်ယောက်တည်း သွားရတော့မဲ့သွန်းအလင်္ကာ။ ဖေဖေတို့အိမ်မှာ နေတုန်းက ဘေးအိမ်က သူတွေကိုတောင် နေ့တိုင်း မြင်တွေ့နေရပေမဲ့ အရောမဝင်တတ်တဲ့ကာကာ ။ ခုက မြို့ကြီး ပြကြီးမှာ ။ တစ်ခါမှမရောက်ဖူးတဲ့နေရာ ။ မမြင်ဖူးတဲ့လူတွေကြား သွားရတော့မှာ ။ အားတင်းတဲ့အနေနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပေမဲ့ လက်သီးဆုပ်လေးက တဆတ်ဆတ်တုန်နေသည်။
မှန်ထဲက ပုံရိပ်ကို စိုက်ကြည့်မိပြန်တော့ ကာကာ အားတက်လာသလိုလို။ ခု သွန်းအလင်္ကာက ဖွားဖွားအိမ်ကမေမေ့သမီး မိကာမဟုတ်တော့ ။တီဇော့်အရိပ်အောက်က ခင်ဇော်ပျိုရဲ့တူမမီးလေး ဖြစ်နေပြီ ။ မှန်ထဲမှာ မြင်နေရတဲ့ မျက်ဝန်းတွေကို ငေးကြည့်နေရင်း တီဇော်ကို သတိရနေမိသည် ။ စျေးဝယ်ထွက်တုန်းက အဝတ်လဲခန်းထဲကနေ ထွက်လာတဲ့ ကာကာ့ကိုမြင်တိုင်း ကာကာ့ကို ပြုံး ကြည့်ပြီး လက်မထောင်ထောင်ပြတဲ့တီဇော် ။ မိုက်တယ် ။ ကြိုက်တယ် ။ လှလိုက်တာ ဆိုတဲ့စကားကို တတွတ်တွတ်ရွတ်တတ်တဲ့တီဇော် ။ ကာကာအခုပုံစံကိုမြင်ရင်ရော ။ တီဇော် ဘာပြောမှာပါလိမ့် ။
![](https://img.wattpad.com/cover/270462916-288-k916867.jpg)
ESTÁS LEYENDO
မီးအိမ်ငယ်ရဲ့ အလင်းရှင်
Romanceမှောင်နေတဲ့ မီးအိမ်ကလေးကို သူမက အလင်းတွေ ထွန်းညှိပေးခဲ့တာ မီးအိမ်ရှင်ကလေး အမှောင်ထဲရောက်နေတဲ့အခါ မီးအိမ်ကလေးက လမ်းပြခေါ်ဆောင်ခွင့်ပြုပါ အလင်းမရှိတဲ့ မီးအိမ်နဲ့ မီးအိမ်မရှိတဲ့ အလင်းဟာ သီးခြားစီ ရပ်တည်ဖို့ ခက်ပါတယ် ခင်ဇော်ပျို သွန်းအလင်္က...