~~၂၂ ~~
ဧည့်ခန်းထဲက မီးလင်းဖိုလေးမှာ ထင်းတုံးတချို့ တငွေ့ငွေ့လောင်ကျွမ်းနေသည် ။မီးဖိုဘေးက တစ်ယောက်ထိုင်ဆိုဖာပေါ်မှာ ဇော် ထိုင်နေပြီး သူကတော့ ကော်ဇောပေါ်မှာထိုင်ကာ ဇော့်ခြေထောက်ကို ကျောမှီထားသည် ။တီဗွီဖန်သားပြင်ပေါ်မှာ ကိုရီးယားမင်းသားလေးနဲ့ မင်းသမီးလေးက ဆိုဂျူသောက်ရင်း စကားပြောနေကြသည် ။ မင်းသားကို တိတ်တခိုး ချစ်နေကြောင်း မူးမူးနဲ့ ဖွင့်ပြောနေတဲ့ မင်းသမီးကို မင်းသားက တအံ့တသြငေးလို့ ။ သူက ဖန်သားပြင်ကို ငေးကြည့်နေရာက ဇော့်ကိုခေါ်သည် ။
''တီဇော်...´´
''ရှင်...´´
''အချစ်ဆိုတာ ဘာလဲဟင်...´´
''ဘုရား...´´
မမျော်လင့်ထားတဲ့ မေးခွန်းကြောင့် ဇော့်တကိုယ်လုံး မြှောက်တက်သွားသလို ခံစားလိုက်ရသည် ။
''ဟင် တီဇော်...အချစ်က ဘုရားလား...ဆိုလိုတာက အလေးအမြတ်ကိုးကွယ်ရာပေါ့...အဲ့လိုလားဟင်...´´
''ဟဲ့ မဟုတ်ပါဘူး...´´
''ဟင် တီဇော်ပဲ ဘုရားဆို...´´
''အဖြေပေးတာမဟုတ်ဘူး...ဘုရားတတာလေ...´´
''သြော် အဲ့ဒါဆို အချစ်က ဘုရားတရလောက်အောင် ကြောက်စရာ မကောင်းဆိုးဝါးလို့ ဆိုလိုတာပေါ့...ဟုတ်လား တီဇော်...´´
ဇော့်ခြေထောက်ကို မှီထားတဲ့ ကျောပြင်လေး တသိမ့်သိမ့်တုန်လာတာကို ခံစားလိုက်ရမှ သူ ဇော့်ကို စနောက်နေမှန်း သတိထားမိတော့သည် ။ ဒီကလေး ။ တော်တော်မလွယ်ပါလား ။
''ပြောင်တောင်တောင်နဲ့နော် သွန်းအလင်္ကာ... ခေါက်ထည့်လိုက်ရ...´´
သူက ဉီးခေါင်းလေးနောက်လှန်ကာ ဇော့်ကိုမော့ကြည့်ရင်း သဘောတကျရယ်သည် ။
ဇော် သူ့ ပါးပြင်နှစ်ဖက်ကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ရင်း သူ့မျက်နှာလေးကို ငုံ့မိုးကြည့်လိုက်သည် ။''မီးလေး...´´
''ဟုတ် တီဇော်...´´
''ဒီလိုအကြောင်းအရာတွေက သူငယ်ချင်းတွေနဲ့ ဆွေးနွေးတာ ပိုမကောင်းဘူးလား...´´
VOUS LISEZ
မီးအိမ်ငယ်ရဲ့ အလင်းရှင်
Roman d'amourမှောင်နေတဲ့ မီးအိမ်ကလေးကို သူမက အလင်းတွေ ထွန်းညှိပေးခဲ့တာ မီးအိမ်ရှင်ကလေး အမှောင်ထဲရောက်နေတဲ့အခါ မီးအိမ်ကလေးက လမ်းပြခေါ်ဆောင်ခွင့်ပြုပါ အလင်းမရှိတဲ့ မီးအိမ်နဲ့ မီးအိမ်မရှိတဲ့ အလင်းဟာ သီးခြားစီ ရပ်တည်ဖို့ ခက်ပါတယ် ခင်ဇော်ပျို သွန်းအလင်္က...