မီးအိမ်ငယ်ရဲ့ အလင်းရှင် 15

2.8K 277 41
                                    

Unicode
                     ~~၁၅~~
      

    လက်ထဲမှာ ဖုန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း နာရီကြည့်လိုက် ဧည့်ခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်လိုက် လုပ်နေရာက ဇော် အိမ်ရှေ့သို့ ထွက်လာခဲ့သည် ။ မရွှေမိက အိမ်ရှေ့က ဒန်းလေးပေါ် မှာထိုင်ရင်း အကြည့်ကို ​ခြံတံခါးဝမှ မခွာပဲ ဇော့်ကို​မေးခွန်းထုတ်သည်။

      ''ဖုန်းမဆက်ကြည့်ဘူးလားမဇော်...´´

      ''ဆက်တယ် မရွှေမိရဲ့ ...ကားမောင်းနေတုန်းမို့ မကိုင်တာထင်တယ်...´´

    ''သူ့သင်တန်းက ဒီနေ့ တစ်ချိန်တည်း ရှိတာပါ...လမ်းမကျွမ်းသေးတဲ့ကလေးကို ကားတစ်စီးနဲ့ တစ်ယောက်တည်း လွှတ်လိုက်တော့ စိတ်ပူနေရပြီပေါ့ မဇော်ရေ...´´

     ''သင်တန်းနဲ့အိမ်ကိုတော့ သူတော်တော် ကျွမ်းနေပါပြီ မရွှေမိရဲ့...ဟိုတစ်ခါကလို သူငယ်ချင်းတွေနဲ့ မုန့်သွားစားနေသလားမှမသိနိုင်တာ...´´

     ''ပြန်လာရင် သေချာမှာထားရမယ်...သင်တန်းပြီးလို့ တခြားဆက်သွားမယ်ဆိုရင် အိမ်ကိုအရင်ဖုန်းဆက်လို့...´´

     ''စိတ်မပူပါနဲ့ မရွှေမိရယ် ...အချိန်တန်ရင် ပြန်ရောက်လာမှာပါ...´´

     မရွှေမိကို စိတ်မပူနဲ့သာ ပြောနေပေမဲ့ ဇော်ကိုယ်တိုင်က ထိုင်မရ ထမရ ။ အိမ်မှာထိုင်ပြီး စိတ်ပူနေမဲ့အစား သူ့ကိုပြထားတဲ့ အိမ်ပြန်လမ်းအတိုင်း လိုက်သွားကြည့်ရမလား။သူ့သူငယ်ချင်းတွေကို ဖုန်းဆက်ကြည့်ရအောင်လည်း နံပါတ်တွေကိုမသိ။ သင်တန်းကိုလိုက်သွားပြန်ရင်လည်း သင်တန်းဆင်းချိန်က နှစ်နာရီနီးပါးကျော်နေပြီ ။ ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ။ ဖုန်းဆက်မရတော့ ပူပန်စိတ်က တားမနိုင် ဆီးမရ ။ ဖုန်းကဝင်ပြီး မကိုင်တာ ။ ဘာတွေဖြစ်နေပြီလဲ မီးလေးရေ ။

     ''အင်း ဒုက္ခ ဒုက္ခ...သူများသားသမီးကို စောင့်ရှောက်ရတာလည်း မီးခဲကိုင်ထားရသလိုပါပဲလားကွယ်...´´

       မရွှေမိက နုတ်က တတွတ်တွတ်ရွတ်ရင်း လက်ကလည်း စိပ်ပုတီးကို တစ်လုံးပြီး တစ်လုံး ချနေသည်။ စိတ်ပူနေရတဲ့ကြားထဲ ဇော် မရွှေမိကို ရယ်ချင်သွားသည်။

မီးအိမ်ငယ်ရဲ့ အလင်းရှင် Where stories live. Discover now