မီးအိမ်ငယ်ရဲ့ အလင်းရှင်.6

1.6K 213 23
                                    

Unicode

                        ~~၆~~

     သင်ခန်းစာတွေကို လေ့လာနေတဲ့ ကာကာ့အာရုံထဲ တိုးဝင်လာတဲ့ အသံတစ်သံ ။ ဘာသံပါလိမ့် ။နားစွင့်နေတုန်း အသံကပြန်ပျောက်သွားသည် ။  စာထဲအာရုံ ပြန်ပို့ဖို့ပြင်ပြီးမှ သတိရပြီး စားပွဲအံဆွဲကို ဆွဲဖွင့်လိုက်သည် ။ အံဆွဲထဲမှာ ကာကာ့ဖုန်းလေးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ သခင်ကို မော့ကြည့်နေသယောင် ။ နားကြားမှားတာ နေမှာ လို့ တွေးနေတုန်း ဖုန်းလေးက အသံမြည်လာပြန်သည်။ ကာကာ့ ကို ဖုန်းဆက်မဲ့သူက မမရတီနဲ့ ကြီးမိပဲရှိတာ ။ ကာကာက ခုအိမ်မှာဆိုတော့ မမရတီပေါ့ ။ ဘာပြောမလို့ပါလိမ့်။ ခေါ်သူကို မကြည့်ပဲ ဖုန်းကိုယူပြီး ခပ်သွက်သွက်ထူးလိုက်သည် ။

      "ဟုတ်ကဲ့ မမရတီ..."

     " ခင်ဇော်ပျိုပါရှင်..."

     "အမယ်လေး တီဇော်..."

     ဖုန်းထဲက လွင့်လာတဲ့ ရယ်သံက ချိုလိုက်တာ ။ မကြားရတာကြာပေါ့ ။

     "တီဇော့်အသံက လန့်စရာကြီး ဖြစ်နေလား မီးလေး..."

     "ဟင် မဟုတ်ပါဘူး တီဇော်...တီဇော် ဖုန်းဆက်မယ်လို့်ကာကာထင်မထားလို့ပါ...တီဇော်...တီဇော်ပြန်လာတော့မှာလားဟင်..."

   သာကြောင်းမာကြောင်း အရင်မေးဖို့ သတိမရ ။ ချိုသြသြရယ်သံကို ထပ်ကြားရပြန်သည် ။

    "လာခါနီးပါပြီ မီးလေးရဲ့...ဘာလဲ တီဇော့်ကို လွမ်းနေပြီလား...

      ''ဟုတ်...လွမ်းနေပြီ...တီဇော်အလုပ်တွေ မပြီးသေးဘူးလားဟင်...´´

     '' ပြီးတော့မှာပါ မီးလေးရဲ့...အလုပ်ပြီးတာနဲ့ ချက်ခြင်းပြန်လာမယ်နော်...´´

      ခေါင်းညိတ်ပြပြီးမှ သတိရပြီးဟုတ် ဟု ထပ်‌ပြောရသည်။

     '' မီးလေးနေကောင်းလား...အိမ်မှာ အဆင်ပြေရဲ့လား ...ရတီနဲ့ ခင်ခင်မင်မင်နေရဲ့လား...သင်တန်းတက်ရတာ ရော ပျော်နေပြီလား...."

     မေးခွန်းတွေ တန်းစီလို့။

     "ကာကာနေကောင်းတယ်...အားလုံးလည်းအဆင်ပြေပါတယ် ...မမရတီနဲ့လည်း တော်တော်လေး ခင်နေပါပြီ...သင်တန်းတွေမှာတော့ အဆင်ပြေအောင် ကြိုးစားနေပါတယ် တီဇော်...ကြီးမိနဲ့ မမချိုကလည်း ကာကာ့ကို ဂရုစိုက်ကြပါတယ်...ဒါပေမဲ့လေ တီဇော်မရှိတော့ အိမ်ကြီးက ခြောက်ကပ်နေသလိုပဲ...တီဇော့်ကို ပြန်လာစေချင်ပြီ...."

မီးအိမ်ငယ်ရဲ့ အလင်းရှင် Donde viven las historias. Descúbrelo ahora