မီးအိမ်ငယ်ရဲ့ အလင်းရှင်.7

1.6K 215 31
                                    

Unicode

                      ~~၇~~
            "ကြီးမိရေ...ကာကာပြန်ရောက်ပါပြီ..."

    အပြင်ကနေ ပြန်လာတိုင်း အိမ်ပေါက်ဝကနေ ကြီးမိကို လှမ်းနုတ်ဆက်ပြီးမှအိမ်ထဲဝင်နေကျ။

      "မင်္ဂလာပါရှင့်...အိမ်တော်ကနေ ပြန်လည်ကြိုဆိုပါတယ် ...အထဲကိုကြွပါရှင်..."

    ကြီးမိအသံမဟုတ်ပါလား ။ အသံသြသြလေးက ။ ခဏကြောင်ရပ်နေပြိီးမှ ကာကာအိမ်ထဲဝင်ပြေးလေပြီ ။

      "တီဇော်...တီဇော်ရေ...တီဇော် ပြန်ရောက်နေတာလား...တီဇော်...တီဇော်တကယ်ပြန်လာပြီ‌ပေါ့..."

     ဝင်ပေါက်ကို မြင်နေရတဲ့ နေရာမှာ ထိုင်နေတဲ့တီဇော်က ကာကာ့ကို အပြုံးမျက်နှာဖြင့်ကြိုသည်။

    " ပြန်လာပါပြီရှင်... နေ‌ကောင်းလားမီး‌လေး..."

        "ဟုတ် နေကောင်းပါတယ် တီဇော်...တီဇော်က မြန်မြန်ပြန်လာမယ်ဆိုပြီး တစ်လတောင်ကြာတာ...အခုပြန်လာပြီး အိမ်မှာ ကြာကြာလေးနေပါဦးနော်...တီဇော့်ကို လွမ်းနေတာ..."

      ခုန်ဆွ ခုန်ဆွကလေး ပြေးဝင်လာတာ ကလေးလေးလိုပဲ ။  ဇော့်ဘေးမှာဝင်ထိုင်ပြီး လက်မောင်းကိုဖက်ကာ စကားတွေ အမောတကော ပြောနေတဲ့ ကလေးမကို ဇော် သဘောတကျကြည့်နေမိသည် ။ တွေ့စကလို ငေးငေးမှိုင်မှိုင်နဲ့ လူကြောက်တဲ့ ပုံစံလေး မဟုတ်တော့ ။

      ''‌နေမှာပါ မီးလေးရဲ့ စိတ်ချ... နောက်ဆို တီ‌ဇော်အိမ်မြဲလွန်းလို့ ခရီးပြန်ထွက်ပါဦးလို့ တောင်းပန်နေရမယ်နော်..."

     "တောင်းပန်ပါဘူး...အဲ့လိုဆို ပိုတောင်ကောင်းသေး...တီဇော်က ခရီးထွက်ရတာပဲ ကြိုက်နေပြီးတော့...အိမ်မြဲမြဲလေးနေမှကောင်းတာ...ကာကာရောက်လာတာ ကြာနေပြီ...တီဇော် အိမ်မှာရှိတဲ့ရက်က ဒီလောက်တောင် မပြည့်သေးဘူး..."

      လက်တစ်ဖက်ကို လက်ချောင်းကလေးတွေချဲပြီး ထောင်ပြသည် ။ ဟုတ်သား ။ ဇော်ဟိုတစ်ခါက သုံးရက်တည်းနေပြီး ပြန်သွားတာကို ။

     "အိမ်မှာ မရှိပေမဲ့ မီးလေးကို တီဇော် ခဏခဏ ဖုန်းဆက်သားပဲမီးလေးရဲ့...ပြီးတော့ တီဇော်အိမ်မှာ မရှိလည်း ကြီးမိတို့ ရှိတယ်လေ...ဘာလဲ ကြီးမိတို့နဲ့ နေရတာ မပျော်ဘူးလား..."

မီးအိမ်ငယ်ရဲ့ အလင်းရှင် Donde viven las historias. Descúbrelo ahora