မီးအိမ်ငယ်ရဲ့ အလင်းရှင်.10

1.9K 220 13
                                    

         ~~၁၀~~

အိပ်ရာထဲမှာ ဟို ဒီ လူးလှိမ့်နေရင်း ကြိုးစားအိပ်လို့ မရတဲ့အဆုံး ထထိုင်လိုက်သည်။ အတွေးတွေ သိပ်များတဲ့ညတွေဆို အိပ်ပျော်ဖို့မလွယ်။ညနက်အထိ ဖုန်းလည်းမသုံးချင်။ဝရန်တာမှာ ထွက်ရပ်ရင် ကောင်းမလား။ခရေပင်ကို ဖြတ်တိုက်လာမဲ့ လေအေးအေးထဲ လွင့်မျောပါလာမဲ့ ခရေနံ့သင်းသင်းကို ရှုရှိုက်ရင်း ကောင်းကင်ကို မော့ငေးချင်သည်။မေမေ့ကို လွမ်းလိုက်တာ။ဒီည နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခွင့်ရရင် သိပ်ကောင်းမှာပဲ။အိပ်မက်ထဲမှာ မေမေ့ကိုတွေ့ချင်သည်။မေမေမရှိတဲ့နောက် ကာကာ မေမေ့ကို အိပ်မက်မက်တာ နှစ်ခါ။အိပ်မက်တိုင်းလည်း မေမေက ခပ်လှမ်းလှမ်းကနေ ကာကာ့ကိုငေးနေပြီး အကြာကြီးနေမှ သက်ပြင်းချ ကျောခိုင်းသွားတာ။

     တီဇော့်အိမ် ရောက်ကတည်းက  မေမေ့ကို အိပ်မက်မမက်တော့။မေမေကြိုက်တဲ့ ပန်းနံ့လေးကို အဆုတ်ထဲအပြည့် ရှိုက်သွင်းပြီး မေမေ့အကြောင်းကို နက်နက်နဲနဲတွေးလိုက်ရင် အိပ်မက်ထဲမေမေလာမှာလား။စ်ိတ်စွဲရင် အိပ်မက်မက်တတ်တယ်ဆို။မေမေ တစ်ခါမှ မပြဖူးတဲ့ ငယ်ငယ်ကပုံလေးတွေကို ကာကာမြင်ဖူးသွားပြီ ။ ကာကာ့အိပ်မက်ထဲကို မေမေငယ်ငယ်လေးအဖြစ် လာလည်ရင် သိပ်ကောင်းမှာပဲ ။ မေမေ ရယ်မောပျော်ရွှင်နေတာကို ကာကာတွေ့ဖူးချင်လို့ပါ ။ အတွေးများစွာနဲ့ လူးလှိမ့်နေရာမှ အိပ်ရာထဲကနေ ဖြည်းညှင်းစွာ ထွက်ပြီး အခန်းတံခါးဆီ ဦးတည်လိုက်သည်။အေးမြတဲ့လေနဲ့ ထိတွေ့လိုက်ရရင် ပူလောင်ညစ်နွမ်းနေတဲ့ စိတ်တို့ တည်ငြိမ်လာကောင်းပါရဲ့။ကာကာ့ လှုပ်ရှားမှုကြောင့် ဘေးအခန်းက တီဇော်နိုးသွားမှာစိုးလို့ တံခါးကို အသာဖွင့်ရသည်။ခြေလှမ်းကို အညင်သာဆုံး လှမ်းရသည်။

    ဝရန်တာတံခါးက ခပ်ဟဟပွင့်နေသည်။ညကသေချာပိတ်ထားပါတယ်။ဘယ်လိုကြောင့် ပြန်ပွင့်နေပါလိမ့်။ခြေဖွကာ ခပ်သွက်သွက်လျှောက်ပြီး တံခါးဆီကို လက်လှမ်းလိုက်စဥ် စကားသံခပ်တိုးတိုးကို ကြားရသည်။အသံက တိုးပေမဲ့ တိတ်ဆိတ်နေတဲ့အချိန်မို့ ပီပီသသ ကြားရပါသည်။

     "ဝိုင်ရော စီးကရက်ရောဆိုတော့ ကျန်းမာရေး ထိခိုက်မှာစိုးလို့ ပြောတာပါ မဇော်ရယ်..."

မီးအိမ်ငယ်ရဲ့ အလင်းရှင် Dove le storie prendono vita. Scoprilo ora