မီးအိမ်ငယ်ရဲ့ အလင်းရှင် 20

567 77 16
                                    


                         ~~၂၀~~

    ''မပြောပါနဲ့တော့ဆိုကွယ်...´´

     အိပ်ခါနီးတိုင်း ပြန်ကြားယောင်မိတဲ့ ထိုအသံ ။ ထိုအသံကို ပြန်ကြားယောင်တိုင်းလည်း လက်ဖျားတို့က နုတ်ခမ်းနှစ်လွှာကို ခပ်ဖွဖွ စမ်းသပ်မိမြဲ ။ နုတ်ခမ်းနဲ့ လက်ဖျားတို့ ထိတွေ့မိတိုင်း ရင်ထဲမှာ နွေးခနဲ ။ ခက်နေပါရောလားကွယ် ။ ဒါ ဘယ်လိုခံစားချက်မျိုးလဲ ။ ဒီပဟေဠိကို ဘယ်သူနဲ့ အဖြေညှိရပါ့မလဲ ။

       ကာကာ့မှာ သူငယ်ချင်းဆိုလို့ ဖိုးခေါင်တစ်ယောက်တည်းရှိတာ ။ သူနဲ့ ဒီအကြောင်းအရာတွေကို  ဆွေးနွေးလို့ ဘယ်ဖြစ်မလဲ ။ အို ။ မဟုတ်သေးပါဘူး ။ ထပ်ရှိပါသေးတယ် ။ ကာကာ့အာရုံထဲမှာ အမြဲပြုံးရယ်နေတဲ့ မျက်နှာလေးတစ်ခုပေါ်လာသည် ။ အလိမ္မာ ။ သူလည်းခုဆို ကာကာ့သူငယ်ချင်း ဖြစ်နေပြီလေ ။ သူနဲ့စကားပြောကြည့်ရမလား ။

    မဟုတ်သေးဘူး ။ ကာကာနဲ့ သူက ဒီလိုအကြောင်းအရာတွေကို ဆွေးနွေးရလောက်တဲ့အထိ မရင်းနှီးဘူး ။ ဒါဆို မမရတီဆိုရင်ရော ။ အို ။ မဖြစ်ဘူး ။ မဖြစ်ပါဘူး ။ မမရတီတော့ မဖြစ်ဘူး ။

    တစ်ယောက်တည်း အဆိုတင်သွင်းလိုက်၊ ပယ်ချလိုက်၊ အိပ်ရာထက်မှာ လူးလှိမ့်လိုက်၊  တစ်ယောက်တည်း ငြင်းခုန်လိုက်နဲ့  ကာကာအိပ်ပျက်ညတို့ များလှပါပြီ ။ အိပ်လို့မပျော်သလို နေလို့လည်း မပျော်ပါ ။ တီဇော့်အပေါ်မှာ လိုတာထက်ပိုတွယ်တာနေမိပြီလား ။ တီဇော်စိတ်ရှုပ်ပြီး ထွက်ပြေးရတဲ့အထိလေ ။ မီးကြောင့် တီဇော် တကယ်စိတ်ရှုပ်နေပြီလား မသိပေမဲ့ ဘယ်လိုလုပ်ရမလဲ တီဇော်ရေ ။တီဇော်မရှိတဲ့နေရာမှာ မီးတစ်စက္ကန့်လေးတောင်မပျော်နိုင် ။  မီး ဘေးမှာ တီဇော်ရှိမှဖြစ်မှာ ။ပြန်လာပါတီဇော်ရယ် နော် ။

    ~_~ ~_~ ~_~ ~_~

     ''ငိုင်လှချည်လား လင်္ကာ...ကော်ဖီတွေအေးကုန်တဲ့အထိ ဘာတွေထိုင်တွေးနေတာလဲ...´´

      ရှေ့မှာဝင်ထိုင်လိုက်တဲ့ သူကို ကာကာ ကြောင်တောင်တောင်လေး ကြည့်နေမိသည် ။ စကားပြောလိုက်သံ ကြားပေမဲ့ ဘာပြောလိုက်သည် မသဲကွဲ ။

မီးအိမ်ငယ်ရဲ့ အလင်းရှင် Onde histórias criam vida. Descubra agora