မီးအိမ်ငယ်ရဲ့ အလင်းရှင် 16

2K 200 53
                                    

Unicode
                  ~~၁၆~~   

         ''သမီး... ကာကာ...´´

  မေမေ့အသံ ။ မကြားရတာ ကြာပြီဖြစ်တဲ့ မေမေ့အသံ ။

     ''မေမေ...မေမေလား...´´

     ကာကာ့ကို မေမေခေါ်နေတယ်။ ကာကာ အိပ်နေရာက မျက်လုံးကို အတင်းတွန်းဖွင့်လိုက်သည် ။ 

      ''မေမေ...မေမေ ကာကာ့ကိုခေါ်နေတာလား...မေမေ ဘယ်မှာလဲ...´´

    ညအိပ်မီး မှိန်မှိန်လေး ထွန်းထားတဲ့ အခန်းထဲမှာ မေမေ့ကို ရှာမတွေ့ ။
  ''ကာကာလေး...မေမေ ဒီမှာ...´´

      ကာကာက အိပ်ခန်းထဲမှာ ရှာနေတာ ။ မေမေက ကာကာ့အိပ်ရာဘေးမှာရပ်နေတာကိုး ။ မေမေ့ကိုမြင်တော့ ကာကာထထိုင်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်။

   ''မထနဲ့ သမီးလေး အိပ်နေ...´´

     မေမေက လက်တစ်ဖက်ကို ကာကာ့ ရင်ဘတ်ပေါ် တင်လိုက်သည် ။ မေမေ လက်တင်လိုက်တာက ဖွဖွလေး ။ ကာကာ့မှာ လှုပ်မရအောင် လေးလံသွားသလို ခံစားလိုက်ရသည် ။

     ''မေမေရော မအိပ်ဘူးလား...ကာကာ့ဘေးမှာ လာအိပ်ပါလားမေမေ ...အိပ်မပျော်ရင် ကာကာ အဖော်လုပ်ပေးမယ်လေ...´´

     ''မေ့သမီးလေး အိပ်ပါ...ညဆိုတာ အိပ်စက် အနားယူဖို့ သမီးရဲ့...အိပ်ပျော်အောင်အိပ်နော်...´´

    ''ကာကာ့ကိုကျ အိပ်ခိုင်းပြီး မေမေက မအိပ်ဘူးမလား...ကာကာ အိပ်ပျော်သွားရင် မေမေ ခိုးငိုဦးမလို့လား...သူ... သူ... ဖေဖေ... မေမေ့ကိုရိုက်ပြန်ပြီလား...´´

     ဘေးမှာ ရပ်နေတဲ့ မေမေ့လက်ကို ထိကိုင်ဖို့ ကြိုးစားပေမဲ့ ကာကာ့လက်က မြှောက်မရအောင် လေးလံနေသည် ။ စကားတွေ ပြောနေပေမဲ့ မျက်စိကို အတင်းဖွင့်ထားရသည် ။ မရဘူး ။ ကာကာ အိပ်ပျော်သွားလို့မရဘူး ။ ကာကာ အိပ်ပျော်သွားရင် မေမေပြန်ပျောက်သွားမှာစိုးတယ် ။ ကာကာမေမေနဲ့ စကားတွေ ပြောရဦးမယ် ။

      ''သူ မေမေ့ကို မရိုက်ပါဘူး...ရိုက်ချင်လည်း ရိုက်လို့မရတော့ပါဘူး သမီးလေးရယ်...မေမေတို့က ဘဝခြင်း မတူတော့ဘူးလေ...´´

     '' ဖေဖေက ကာကာ့ကွယ်ရာမှာ မေမေ့ကို ခဏခဏ ရိုက်တယ်ဆိုတာ ကာကာသိပါတယ်...ကာကာတို့ ထွက်ပြေးကြရအောင်ပါ မေမေရယ်...ဒီအိမ်မှာ မနေနဲ့တော့နော်...´´

မီးအိမ်ငယ်ရဲ့ အလင်းရှင် Donde viven las historias. Descúbrelo ahora