~~ ၁၉ ~~
''လင်္ကာ...´´
''ငါ့ကို ခဏစောင့်ဦး လင်္ကာ...´´
''ဟိတ်ရောင်...သွန်းအလင်္ကာ...´´
နောက်က တကြော်ကြော် ခေါ်နေသံကို ကြားပေမဲ့ ကာကာ လှည့်မကြည့် ။ လှည့်မကြည့်ချင် ။ သူနဲ့ စကားမပြောချင်ပါ ။
လှေကားထစ်တွေပေါ်ကနေ ခုန်မချရုံတမည် ဒရောသောပါး ဆင်းလာတဲ့ ကာကာ့နောက်ကနေ ကပ်ပါလာတဲ့ ခြေသံ ။
''လင်္ကာ...ခဏနေပါဦးဆို...´´
ကာကာ့လက်မောင်းကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်တဲ့ အထိအတွေ့ကို ခံစားရတာနဲ့တပြိုင်တည်း ဘာလုပ်ရမယ်မှန်း မဆုံးဖြတ်ရသေးခင်မှာ ကာကာ လက်ကို တအားခါထုတ်ပစ်လိုက်သည် ။ ကာကာ့ လက်မောင်းက နာကျင်မှုက အခုထိမပျောက်သေး ။
''ငါ့အသားကို ထပ်မထိနဲ့ ဖိုးခေါင်...´´
ကာကာလက်ကို ခါထုတ်ပစ်လိုက်တာကြောင့် ကာကာ့လက်ဖျားတွေက သူ့မေးရိုးကို ရိုက်မိသွားသည် ။
''အာ...နာလိုက်တာ...နင်ကလဲ အရမ်းပဲ ...´´
သူ့မေးဖျားကို ပွတ်ရင်း မျက်မှောင်ကြုတ်လိုက်တဲ့ သူ့မျက်နှာကို စေ့စေ့ကြည့်ရင်း ကာကာ ပြုံးလိုက်သည် ။
''မတော်တဆ လက်ဖျားလေးနဲ့ ထိမိတာကို နာလို့လား ဖိုးခေါင်ရဲ့...´´
''မတော်တဆ ဆိုပေမဲ့ နင်ကအားကြီးနဲ့...ပြီးတော့ထိမိတာက မျက်နှာကိုလေ...နာတာပေါ့ဟ...´´
''အေး နင့်ကို မတော်တဆလေး ထိခိုက်မိတာတောင် နင်နာတယ်နော်...ငါအလှည့်တုန်းကကျ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လက်မောင်းကို ဆွဲရမ်းဖျစ်ညှစ်တာကိုခံရတာဟာ...ငါ့လက်မောင်းသားလေးတွေကလည်း နုနုလေးတွေလေ....နင်ကိုယ်ချင်းစာကြည့်ပေါ့...´´
''အဲ့ကိစ္စအတွက် ငါ နင့်ကို တောင်းပန်ချင်လို့ပါ...ငါ ခေါ်နေတာ နင်မှ လှည့်မကြည့်တာ...´´
''အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါ နင်နဲ့ ဘာမှပြောစရာမရှိဘူး ဖိုးခေါင်...´´''နင့်မှာ မရှိပေမဲ့ ငါ့မှာရှိတယ် လင်္ကာရ...နင့်ကိုငါ မတောင်းပန်ရမချင်း နောက်ကနေ တကောက်ကောက်လိုက်ပြီး ခုလိုပဲ လိုက်ခေါ်နေဦးမှာပဲ...´´
![](https://img.wattpad.com/cover/270462916-288-k916867.jpg)
ESTÁS LEYENDO
မီးအိမ်ငယ်ရဲ့ အလင်းရှင်
Romanceမှောင်နေတဲ့ မီးအိမ်ကလေးကို သူမက အလင်းတွေ ထွန်းညှိပေးခဲ့တာ မီးအိမ်ရှင်ကလေး အမှောင်ထဲရောက်နေတဲ့အခါ မီးအိမ်ကလေးက လမ်းပြခေါ်ဆောင်ခွင့်ပြုပါ အလင်းမရှိတဲ့ မီးအိမ်နဲ့ မီးအိမ်မရှိတဲ့ အလင်းဟာ သီးခြားစီ ရပ်တည်ဖို့ ခက်ပါတယ် ခင်ဇော်ပျို သွန်းအလင်္က...