မီးအိမ်ငယ်ရဲ့ အလင်းရှင် ၁၈

845 98 20
                                    

                            ~~၁၈~~

      ပိတ်ထားတဲ့ တံခါးတစ်ချပ်ရှေ့မှာ ကာကာရပ်နေသည် ။ တံခါးခေါက်လိုက်ရမလား ။ ဒီတိုင်းလေးပဲ ရပ်နေရမလား ။ ပြန်လှည့်ထွက်ရမလား ။ မဆုံးဖြတ်နိုင်ဘဲ ခေါင်းငုံ့တွေဝေနေတာ အကြာကြီး ။ ဟင့်အင်း ။ လှည့်တော့မထွက်ချင်ပါဘူး ။ သေချာတယ် ။ ဒီည တစ်ယောက်တည်း အိပ်ရရင် အိပ်မက်ဆိုးတွေကြားထဲ ပင်ပန်းရမှာ ။

     အဲ့လိုဆိုရင် ကာကာ ပင်ပန်းမှာစိုးလို့ ကာကာ့ကြောင့် စိတ်ရောလူပါ တနေကုန်ပင်ပန်းနေတဲ့ လူတစ်ယောက်ကို နှောင့်ယှက်ရမှာ တရားရဲ့လား ။ တော်ပါပြီ ။ စိတ်ကိုထိန်းချုပ်ပြီး ​နောက်ပြန်လှည့်လိုက်စဥ် ပိတ်ထားတဲ့ တံခါးဆီက ကလစ်ဆိုတဲ့ မြည်သံကြားရပြီး တဆက်တည်း ကာကာ့တကိုယ်လုံး ​ခေါင်းစခြေဆုံး နွေးထွေးသွားစေတဲ့ ခေါ်သံကို ကြားလိုက်ရသည် ။

     ''မီးလေး...´´

  ရုတ်တရက် လှည့်မကြည့်ရဲ ။ ရှေ့လည်းဆက်မတိုးဘဲ နေရာမှာသာ ခြေစုံရပ်နေမိသည် ။

       ''တီ​ဇော်ဆီလာတာ ဘာလို့တံခါးမခေါက်တာလဲ...ရပ်နေတာကြာပြီလား...´´

     ''ဟင့်အင်း...´´

       ''လာ ဝင်ခဲ့...တီဇော်က မီးလေးအိပ်ပြီလားလို့ ကြည့်မလို့ထွက်လာတာ...´´

     ကာကာ့ပခုံးကို လှမ်းဖက်လိုက်တဲ့ လက်ကြောင့် ကာကာ့ကိုယ်တခြမ်းက နွေးထွေးတဲ့ ရင်ခွင်ထဲ ​ရောက်သွားသည် ။

     ''တီဇော် တစ်နေကုန် ပင်ပန်းနေပြီမို့ မီး  အနှောင့်အယှက် ပေးရမှာ အားနာလို့ပါ...´´

       ''အားနာစရာလား မီးလေးရဲ့...ဒီနေ့တစ်နေကုန် ကြောင်လေးတစ်ကောင်ကတီဇော့်ဘေးမှာ ကပ်ချွဲနေတာ...ခု ကြောင်လေး ငြိမ်နေလို့ တီဇော် ပျင်းနေပြီ...လာ ဒီည တီဇော့်ကြောင်လေးလုပ်ဦး...´´

    ''ဟင် မီး တီဇော်နဲ့ အတူအိပ်ရမှာလားဟင်...´´

     ''ဒါပေါ့ မီး​လေးရဲ့...တစ်နေကုန် ခုန်ပေါက်ပြီး ဆော့ထားတော့ ပင်ပန်းနေပြီမလား...ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့လိုတယ်...အဲ့ဒါမှ မနက်ကျရင် လန်းလန်းဆန်းဆန်း နိုးလာမှာ...မဟုတ်ရင် မနက်ဖြန်ကျ ကိုယ်လက်တွေ နာနေလိမ့်မယ်...´´

မီးအိမ်ငယ်ရဲ့ အလင်းရှင် Onde histórias criam vida. Descubra agora