မီးအိမ်ငယ်ရဲ့ အလင်းရှင်.9

1.6K 222 18
                                    

~~၉~~

''မီးလေးရေ...''

အခန်းရှေ့က မတိုးမကျယ် ထွက်လာတဲ့ ခေါ်သံ။

''ဟုတ်ကဲ့ တီဇော်...''

စာကြည့်စားပွဲမှာ ထိုင်နေရာက အသံပြုလိုက်သည်။

''မအိပ်သေးရင် တီဇော်ခဏလာလို့ ရမလား...''

''ဟုတ်ကဲ့ တီဇော်...''

စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို တစ်ချက်ငုံ့ကြည့်ပြီးမှ အခန်းတံခါးဆီကိုပြေးပြီး တံခါးဖွင့်ကြိုလိုက်သည် ။

'' ကောင်မလေး...စာဖတ်နေတာလား...အိပ်ငိုက်နေတာလား...''

''ဟုတ်ဘူးတီဇော်...''

မရေမရာ ပြန်ဖြေရင်း တီဇော့်နောက်ကနေ အခန်းထဲ ပြန်ဝင်ခဲ့လိုက်သည် ။ စာကြည့်စားပွဲဆီကို လှမ်းကြည့်နေတဲ့ တီဇော့်ကို မလိမ်ချင်ပါ။

''မီး ဓာတ်ပုံတွေ ကြည့်နေတာ...''

''ဘာပုံတွေလဲမီးလေး...တီဇော်ကော ကြည့်လို့ရလား...''

''ဟုတ် ဟုတ်...ရပါတယ်...''

ကာကာ့ဆီက ခွင့်ပြုချက်ရတာနဲ့ စာကြည့်စားပွဲဆီ လှမ်းသွားတဲ့ တီဇော့်နောက်ကနေ ကပ်လိုက်သွားမိသည် ။ စာအုပ်တွေပေါ်မှာ ပြန့်ကြဲနေတဲ့ ဓာတ်ပုံတွေထဲက အပေါ်ဆုံးက တစ်ပုံကို ကောက်ယူသည် ။

''ပိုးပိုးပုံတွေလား...''

''ဟုတ် တီဇော်...တီဇော်ပြောသလို အတိတ်က အမှတ်တရတွေကို မီးဆီပြန်ခေါ်နေတာ...မီး မေမေ့ကို လွမ်းလို့...''

''မေမေ့ကိုလွမ်းတိုင်း ပုံတွေထုတ်ကြည့်နေတာလား မီးလေး...''

''ဟင့်အင်း...ဒီအိမ်ရောက်ပြီးကတည်းက မေမေ့ပုံတွေ ထုတ်ကြည့်တာ ဒါ ပထမဆုံးပါတီဇော်...''

တီဇော်က ကာကာ ရှိနေတာကို သတိမထားမိတော့တဲ့ဟန်နဲ့ စားပွဲပေါ်က ပုံတွေကို တစ်ပုံခြင်း ကောက်ယူသည် ။ ဓာတ်ပုံတွေထဲက မေမေ့မျက်နှာပေါ်ကို လက်ဖျားထိပ်လေးတွေနဲ့ တယုတယ ပွတ်သပ်သည် ။

''ပိုးပိုး ပျော်နေတဲ့ပုံလေးတွေ...''

တစ်ယောက်တည်း ပြောနေသလို တိုးတိုးလေးရွတ်သည် ။ မျက်နှာကလည်း ပြုံးလို့။ တီဇော်ကြည့်နေတဲ့ ဓာတ်ပုံထဲမှာ မေမေက ကာကာ့ကို ပွေ့ချီထားပြီး ရယ်မောနေသည်။ ကာကာကလည်း ကင်မရာကိုကြည့်ပြီး ရယ်လို့။ လူတွေအကြောင်းကို နားမလည်သေးတဲ့ ၊မေမေ့ ခံစားချက်တွေကို မသိသေးတဲ့ ၊ဖေဖေ့ဒေါသကို ရင်မဆိုင်ဖူးသေးတဲ့ တစ်နှစ်ကျော်အရွယ် ကာကာကလေးက မေမေနဲ့အတူတူ ရယ်မောလို့ ။

မီးအိမ်ငယ်ရဲ့ အလင်းရှင် Donde viven las historias. Descúbrelo ahora