Part-1 (Zawgyi & Unicode)

78.3K 1K 12
                                    

(Unicode)

2014....

*အားး...*
မနက်အိပ်ရာမှနိုးသည်နဲ့တစ်ကိုယ်လုံးကို အကြောဆန့်လိုက်ရခြင်းဟာတစ်ကယ်ကိုမှ ခံစားလို့ကောင်းပါသည်။ တစ်ယောက်အိပ် ကုတင်ဘေးကထိုင်‌ခုံ‌ပုလေးပေါ်က သံပတ်နာရီလေးကိုကြည့်လိုက်တော့ 6 နာရီပင်ခွဲပြီဖြစ်သည်။
*အမလေး...နောက်ကျတော့မှာဘဲ* အိပ်ရာကို ကမန်းကတန်းခေါက်သိမ်းပြီးသည်နဲ့ အိပ်ခန်းအပြင်သို့ပြေးထွက်လိုက်သည်။

"ဟဲ့...မှူးဖြေးဖြေး ငါ့လည်း၀င်တိုက်မိတော့မယ်"

"ဟာ...မမရာ Sorry Sorry မှူးကျောင်းနောက် ကျနေလို့..."

"ဟုတ်ပါတယ် မှုးရယ်...နင်တစ်ယောက်ဘဲ
ကျောင်းတက်နေရတယ်ဆိုတော့လေ"

မမက သူ့ကိုမျက်စောင်းတစ်ချက်ထိုးကာ
လှည့်ကြည့်သွားသည်။

မှူးလည်း ရေကိုခပ်မြန်မြန်၀င်ချိုးလိုက်သည်။ ပြီးတာနဲ့ အဖြူနဲ့အစိမ်းလေးရင်ဖုံး အင်္ကျီထဘီလေးကို အထက်တန်း‌ကျောင်း သူပီပီသပ်သပ်ရပ်ရပ်လေး၀တ်လိုက်သည်။ ပခုံးကျော်နေပြီဖြစ်သည့် လှိုင်းတွန့်ဆံပင် ကောက်ကောက်လေးတွေကို စုကိုင်လိုက်ပြီးခပ်မြင့်မြင့်စီးလိုက်သည်။မြန်မာမိန်းကလေး ပီပီသနပ်ခါးကတော့ မပါမဖြစ်ပေါ့။

"ကဲ...ဟိုနှစ်ယောက်မထွက်လာသေးဘူးလား
စိမ်းသန့်မှူးဝေ နဲ့ နံ့သာမှူးဝေကျောင်းနောက် ကျတော့မယ်"

"လာပါပြီ...မဖြူစင်မှူးဝေရဲ့"

"ရော့...မုန့်ဟင်းခါးမွှေးမွှေးလေး၀ယ်ပေးထားတယ်"

"အင်း...နံ့သာ ကိုမမက၀င်ပို့ပေးမယ်ကြားလား" မမကမုန့်ဟင်းခါးစားနေရင်းမှနံ့သာလေးကိုပြောလိုက်သည်။

"ဟုတ်...ဟုတ်"

နံ့သာလေးက 3တန်းလို့မထင်ရအောင်ခပ်ဖိုင့်ဖိုင့်နဲ့တုတ်တုတ်လေးဖြစ်သည်။သူ့ခေါင်းလေးကိုတညိတ်ညိတ်နဲ့ဖြေရှာသည်။ အငယ်ဆုံးနံ့သာလေးဟာ ဖြူစင်နဲ့ စိမ်းသက်ရဲ့ အသက်ကလေးဖြစ်သည်။ ကြက်တောင်စီးလေးနှစ်ဖက်ခွဲစီးထားကာ သနပ်ခါးတွေ ပြည့်နေအောင်လူးထားသည့် နံ့သာလေးဟာ သိပ်ကိုချစ်ဖို့ကောင်းလှသည်။ နံ့သာ နဲ့ဖြူစင် ဟာမေမေနဲ့တူစွာပင် ဖြောင့်စင်းနေသည့် ဆံပင်တို့ကိုပိုင်ဆိုင်ထားသည်။ အလတ်ဖြစ်သည့် စိမ်းသက်ကာသာအဖေတူသမီးပီသစွာပင်ဟောဒီ့လှိုင်းတွန့်ရောင်ဆံပင် တို့ကိုပိုင်ဆိုင်ထားရသည်။

My step-mom's sister becomes my wife (Complete)Where stories live. Discover now