Part-28(Zawgyi & Unicode)

19.5K 632 87
                                    

Unicode

မှူးတို့ညတွင်ချင်းပင် ပြင်ဦးလွင်ဆင်းခဲ့ရသည်။တစ်ချိန်လုံးတမှိုင်မှိုင်တတွေတွေနဲ့ဖြစ် နေသည့်ဉာဏ်၊ ကြားကြားချင်းတစ်ချက်လန့်သွားဟန်ရှိပေမယ့် အခုတော့ ဉာဏ်ဟာအမူအရာအသေဖြင့်ဖြစ်သည်။

"ဉာဏ်...တစ်ခုခု‌စားလိုက်ပါလား။နင်ကတော့အားရှိနေမှလေ ဉာဏ်ရဲ့။"

"အား?...ငါကဘာအတွက်အားရှိရမှာလဲ မှူး၊"

"ဉာဏ်...ငါပြောချင်တာကလေ..."

"ထားပါ။ ငါစကားမပြောချင်ဘူး။"

ဉာဏ်ရဲ့ယတိပြတ်ပြောသံကြောင့်မှူး ဘာမှမဆိုမိတော့ပေ။ ကံတရားကိုမှူးအပြစ်တင်ချင်မိပါရဲ့၊ သည်လိုမျိုး မှူးရဲ့ဉာဏ်ကိုမှရွေးပြီး
ဒုက္ခတွေပေးနေသလားလို့ပေါ့။လမ်းတစ် လျှောက် ဉာဏ်ဟာတိတ်ဆိတ်နေခဲ့သည်။

၀ဏကမှူးတို့နဲ့ပါလာသည်။ ကိုသူရကတော့အနောက်မှလိုက်လာဟန်ရှိသည်။ ဉာဏ်က အဖေဖြစ်သူ ဦးရဲမင်းဆက် ကိုနာရေးအကြောင်းပြောပြဟန်မရှိတာကြောင့် မှူးကဘဲဖုန်းဆက်ပြီးအကြောင်းကြားရသည်။ ဦးရဲမင်းဆက်တစ်ယောက် တကယ်ရှောခ့်ရသွားဟန်ရှိသည်။ သူကတော့ မမှီတော့တာမို့ မနက်မှလိုက်ခဲ့မယ်လို့ ပြောသည်။

ဆောင်းရာသီဖြစ်သည်မို့ ရန်ကုန်နဲ့မတူသည့်ပြင်ဦးလွင်က အေးစိမ့်စိမ့်နဲ့ရှိသည်။ မှူးတို့ ပြင်ဦးလွင်ကဉာဏ်တို့ အိမ်ကိုရောက်တော့ မနက် (၃) နာရီမတ်တင်းဖြစ်သည်။ မှောင်မဲနေခိုက်၊ မြူတို့ကလည်းအုံ့ဆိုင်းနေသည်ကြောင့် အိမ်ကကြီးပေမယ့်ဘယ်ပုံဘယ်ဝါမှန်းမှူးမခန့်မှန်းနိုင်ပေ။

မှူးကဉာဏ့်ကို ပြင်ဦးလွင်ကမာမီတို့ဆီသွားလည်ဖို့ပြောပေမယ့်၊ ဒီလိုမျိုး နာရေးကိစ္စအကြောင်းပြုပြီး လာရမည်လို့မထင်ခဲ့မိပေ၊ အခုတော့ဖြင့်....

"မှူး!..."

ဉာဏ်ဟာတွေဝေနေသည့် မှူးလက်ကိုနွေးထွေးစွာဆုပ်ကိုင်လာသည်။ ဉာဏ်ဟာဘာမှမခံစားရသလိုပင် ခံစားချက်တို့ကိုမျိုသိပ်ထားတတ်သည်။ ဒါဟာအခုမှမဟုတ်ပေ ဉာဏ်ဟာ ဟန်ဆောင်ကောင်းသူဆိုတာမှူးသိသည်။

My step-mom's sister becomes my wife (Complete)Where stories live. Discover now