Part-10(Zawgyi & Unicode)

15.3K 476 20
                                    

Unicode

ရုတ်တရပ်ဆန်တဲ့အဖြစ်အပျက်တွေကြား ဖြူစင် ရူးချင်နေမိသည်။ သူ Bossကိုအခန်းထဲလိုက်ပို့ပေးသည်ထိအရာအားလုံးဟာပုံမှန်အတိုင်းရှိခဲ့သည်။ သူBoss ကိုကုတင်ပေါ်တင်ပြီး၊ဖြူစင် အခန်းပြင်ပြန်ထွက်ဖို့အလုပ်မှာ သူရဲ့ လက်ကောက်၀တ်လေးဟာ ရုတ်ချည်းဆိုသလို အားနဲ့ဆွဲဆောင့်ချင်းခံလိုက်ရသည်။ ဖြူစင်‌ကိုယ်လေးဟာ Boss ရဲ့ဘေးနားကိုကျသွားခဲ့ရသည်။

"အို...Boss ဖြူစင့်ကိုဘာပြောစရာရှိသေးလို့လဲ"

ဦးရဲမင်းဆက်တစ်ယောက် ဖြူစင့်အမေးတွေကိုပြန်မဖြေဘဲ ရီဝေနေသောအကြည့်တို့နဲ့ မိုက်ရဲဆန်စွာ ခေါင်းကနေခြေအဆုံး ကြည့်နေသည်။

"ဟင်!..." ဖြူစင်ကြောင်နေမိသည့်ခဏတာမှာဘဲ Boss ဟာသူမရဲ့နှုတ်ခမ်းဖျားတွေကိုသိမ်းပိုက်လာသည်။ ရမက်ဆန်စွာ တစ်လွှာချင်းစားသုံးနေသည်။ Bossတစ်ယောက်ဒီလောက်နဲ့တင်းတိမ်ဟန်မရှိ။ သူမရဲ့ခါးတွေကိုကျစ်နေအောင်ဖက်ထားသည်။ခန္နာကိုယ် နှစ်ခုကို ပူးကပ်နေအောင်အဖက်ခံထားရသည်မို့ ဖြူစင်မှာလှုပ်လို့ပင်မရချေ။  ထို့နောက် သူ့ ရဲ့လျှာ‌ဖျားလေးကလည်း
ဖြူစင့်ခံတွင်းထဲသို့၀င်လာပြန်သည်။ ဖြူစင်ဒီအခြေမှာ အငွေ့ပင်ပျံသွားခြင်သည်။ ဖြူစင်တကယ်ကို အန္တရာယ်ကြားထဲရောက်နေပြီဖြစ်သည်။ ထို့နောက် ဖြူစင်ကိုယ်လေးကို ‌ကုတင်ပေါ်တွန်းချကာ အပေါ်မှအုပ်မိုးလာသည်။

"Boss!...ဦးရဲမင်းဆက်...ကျွန်မကိုလွှတ်ပါအုန်း။ အသိစိတ်လေး၀င်ပါအုန်း ကျွန်မဖြူစင်မှူးဝေလေ"

ဖြူစင်အသားကုန်ပင်အော်မိလိုက်သည်။
ဦးရဲမင်းဆက် ကသူ့ကိုတစ်ချက်မော့ကြည့်လာသည်။ သူလည်းအခွင့်ရတုန်း ထိုလူ့ကိုတွန်းချပစ်လိုက်ကာ အခန်းတံခါးရှိရာသို့ပြေးလာလိုက်သည်။

"အာ့!" ဦးရဲမင်းဆက် ဖြူစင့်ကိုယ်လေးကိုပွေ့ချီကာ ကုတင်ဆီသို့ပြန်ဦးတည်သွားနေသည်။ သူ ထိုလူရဲ့ကျောပြင်တွေကို ထု ရိုက်နေပါသော်လည်း အရာအားလုံးဟာအချည်းအနှီးသာဖြစ်သည်။ ဦးရဲမင်းဆက်ရဲ့ ဒီလိုရာဂစိတ်ပြင်းထန်နေသည့်ပုံမျိုး ဖြူစင်မမြင်ဖူးခဲ့ပေ။ ဖြူစင်ဘယ်လောက်ဘဲ ဦးရဲမင်းဆက်ကို ရင်ခုန်မိပါ‌စေ။ ဒီလိုအခြေအနေကို လက်ကမ်းမကြိုသင့်ဘူး။

My step-mom's sister becomes my wife (Complete)Where stories live. Discover now