Part-36 (Zawgyi & Unicode)

23.9K 620 53
                                    

Unicode

မှူးတို့အစီစဉ်တွေချပြီးနောက် မှူးနဲ့သား
အရင်က အခြေချခဲ့တဲ့နေရာသို့ မပြန်တော့ဘဲ ဒီကွန်ဒိုမှာသာနေဖြစ်တာ တစ်ပတ်ကျော်ပြီဖြစ်သည်။ သားကလည်း မနက်ဆိုတာနဲ့သူ့အဖိုးက လာခေါ်သွားတတ်သည်။ ညနေကျမှ ဉာဏ် အလုပ်ကအပြန်မှ ၀င်ခေါ်လာတတ်သည်။ အခုတော့ သားလည်းနေသား ကျလို့ရှိနေခဲ့သည်။

"မှူး...မှူးရေ..."

ဉာဏ်တစ်ယောက် အိပ်ခန်းထဲကနေမှူးကိုအော်ခေါ်နေခြင်းဖြစ်သည်။ ကမ္ဘာငြိမ်တော့ အသံထွက်လာ‌သူက သူ့အဖေ ဉာဏ်
မင်းဆက် ဖြစ်သည်။ ဒီသားအဖနှစ်ယောက် လိုက်လည်း လိုက်ပါပေတယ်။တစ်ယောက် ကလှည့်စီ မှူးကို ထ...ထ အော်နေခြင်းဖြစ်စည်။

"ဘာလဲ!...ငါ မရှိရင်မဖြစ်တော့ဘူးလား? အော်ခေါ်နေရောဘဲ။"

"အို...မရှိလို့မဖြစ်ဘူးလေ၊ ကိုယ့်မဟေသီလေးရဲ့..."

ဉာဏ်က မှူးမေးစေ့ဖျားလေးကို လက်နဲ့ဆွဲယူရင်းပြုံးစိ ပြုံးစိနဲ့ပြောလာသည်။

"ကဲ...ဘာလဲပြော။"

"ဟို...ကိုယ့်ကို ကြယ်သီးလေးတပ်ပေးပါလား?"

"ဉာဏ့်!..."

ဉာဏ် ကမှူးကို'ဘာလဲ'ဟူသော ပုံစံနဲ့ပြန်လည်မေးဆက်ပြသည်။

"နင်ကလေးလား?....ကြယ်သီးလေးတောင်
မတပ် တပ်ရအောင်။"

"အင်း!...ကိုယ်က ကလေး...လုပ်ပါမှူးငယ်လေးရာ။"

"ကဲ.....လာ...ဒီနားလာ"

နောက်ဆုံးတော့ မှူးဘဲသူ့ကို ကြယ်သီးတပ်ပေးလိုက်ရတော့သည်။ ဒီနေ့တော့ ဉာဏ်ကမိုးပြာရောင် shirt လက်ရှည်ကို အနက်ရောင် pantအရှည်နဲ့တွဲ၀တ်ထားသည်။ ဉာဏ်က ကလေးအဖေလို့မထင်ရအောင် အရောင်တွေ တလက်လက်ထွက်နေသည်။

"ဘာတွေ...အဲ့လောက်တောင်ငေးနေတာလဲ?
ကိုယ့်ယောကျာ်း ချောတာကိုယ်အခုမှသိလား?..."

"ဉာဏ်!...နင် Company ဘဲ သွားမှာလား၊ ဘယ်သွားအုန်းမှာလည်း။"

"အင်း!... Company ဘဲ၊ ဘာလို့လဲ?"

"မေးကြည့်တာ အရောင်အဝါတွေအရမ်းထွက်နေလို့ ဘယ်များသွားဖို့လဲလို့။"

My step-mom's sister becomes my wife (Complete)Onde histórias criam vida. Descubra agora