Extra-3 (Zawgyi & Unicode)

30.5K 658 38
                                    

Unicode.

ကျယ်၀န်းလှတဲ့သည်ခြံ၀န်းထဲ ကမ္ဘာ့မွေးနေ့ပွဲအတွက် အစီစဉ်တကျဖြစ်‌လို့နေသည်။ ညနေဆောင်းလေးမို့ ကောင်းကင်ကြီးကလည်းလှပလွန်းတဲ့ နေ၀င်အလှတို့နဲ့အထူးပြုကူညီပေးနေသည်။ သားကတော့ ကျောင်း  က သူ့သူငယ်ချင်းတွေပါဖိတ်ပေးထားသည့် အတွက် ပျော်ရွှင်နေသည်။ သားအတွက် အမှတ်တရဖြစ်တီးနိုင်အောင်လို့ Piano ကိုပါခြံထဲထုတ်ပေးလိုက်သည်။

"မှူးရေ!...ကိုယ့်ကိုကြယ်သီးလေးတပ်ပေးပါအုန်း။"

ဉာဏ်ကအမြဲ သူ့အင်္ကျီဆိုမှူးကြယ်သီးတပ်ပေးဖို့ ကိုတောင်းဆိုတတ်သည်။ ဒီလိုအသေးအဖွဲလေးကစ လိုက်လုပ်ခိုင်းတဲ့ဉာဏ်က မှူးကို နိုင်စားခြင်းမဟုတ်ဘူးဆိုတာမှူးသိသည်။ ဉာဏ်ကလည်းမှူးဒီလိုလေး တွေလုပ်ပေးရင်ကို ပျော်နေတတ်သည်။

"ဉာဏ်က ဒီအရောင်နဲ့လိုက်သားဘဲ။ အို!.. မဟုတ်ပါဘူး ငါ့ယောကျာ်းကဘာအရောင် လေးနဲ့မဆို လင်းထင်းနေတာ။"

"ဟ!...မိန်းမ သားမွေးနေ့ချိန်ကိုနည်းနည်းနောက်ဆုတ် လိုက်မလား?"

မျက်ခုံးကိုပင့်ပြီး စပ်ဖြဲဖြဲနဲ့ပြောလာပုံက ရိုက်ချင်စရာရုပ်၊ ဒါလေးပြောမိတာနဲ့သား မွေးနေ့ကို နောက်ဆုတ်ရမည်တဲ့လား။ ဉာဏ်မင်းဆက် ဆိုသူကတကယ်မလွယ်တဲ့သူဖြစ်သည်။

"ဒီခေါင်းထဲအမြဲအဲ့အတွေးတွေဘဲထည့်ထားသိလား?..."

"ကိုယ်မထည့်ထားပါဘူး။ မင်းကိုမြင်တာနဲ့အဲ့အတွေးတွေက သူ့အလိုလိုကိုရောက်လာတော့တာဘဲ။"

"ဖြေရှင်းချက်တွေကတော့ သူ့ဟာနဲ့သူအခိုင် အမာဘဲနော်"

*အာ့!...* ဉာဏ်က မှူးခါးလေးပေါ်ကိုခပ်ဖွဖွတင်ထားသည့် သူ့လက်တွေကို အားထည့်ကာ မှူးကိုယ်လေးကိုဆွဲလိုက်သည်မို့၊ မှူးကိုယ်လေးဟာ သူ့ရင်ဘတ်နဲ့ကပ်သွားရသည်။

"ချစ်တယ်။ ဒီလိုဉာဏ်ပေါက်စလေးတွေမွေးပေးလို့လည်းချစ်တယ်။ မမြင်ခဲ့တဲ့အမှားတွေ တစ်သီတစ်တန်းကြီး ကျူးလွန်ခဲ့တဲ့ကိုယ့်ကို အခုထိ‌ခွင့်လွှတ်ပေးလို့လည်းချစ်တယ်။ ငယ်ငယ်လေးထဲက နားလည်ပေးခဲ့လို့လည်း ချစ်တယ်။ မှူးငယ်ရဲ့ ဖြစ်တည်ခြင်း မြူမှုန်လေးတွေကိုတောင်ချစ်တယ်။"

You've reached the end of published parts.

⏰ Last updated: Jan 20, 2022 ⏰

Add this story to your Library to get notified about new parts!

My step-mom's sister becomes my wife (Complete)Where stories live. Discover now