Part-6(Zawgyi & Unicode)

15.2K 557 13
                                    

Unicode

ဉာဏ်ဟာ ကိုရောင်နီသာကျောင်းလိုက်ပို့မည့် ကိစ္စနဲ့ပတ်သတ်ပြီး မှူးကိုတော်တော်ပင်စိတ်ဆိုးနေပုံရသည်။ ကျောင်းပို့ပြီးသည်နဲ့ ချက်ချင်းကိုလှည့်ပြန်သွားသည်။ မှူး‌လည်းသူရဲ့ဒီလို တစ်စွတ်ထိုးအပြုအမူတွေကြောင့် စိတ်ညစ်ရသည်။

မှူးကျောင်းနှစ်ထပ်ဆောင်ဘက်သို့လျှောက်လာနေတုန်းမှာဘဲရွှေ၀တ်မှုံနဲ့တိုး‌တော့သည်။ သူမ သူငယ်ချင်းလေးကတော့ ချစ်ဖို့ကောင်းမြဲကောင်းနေသည်။ သနားခါးပါးကွက်ကျား‌လေးကိုလိမ်းထားပြီး ဆံပင်တွေကိုဖြန့်ချထားတဲ့‌ ရွှေ၀တ်မှုံကလှချင် တိုင်းလှနေသည်။

"ဟဲ့....မှူး ငါကနင်တစ်ယောက်ထဲလမ်း လျှောက်ရမယ်ထင်ပြီး နောက်ကျမယ်ထင်နေတာ။ စောရောက်သားဘဲ"

"အေးဟယ်....ငါလည်းလမ်းလျှောက်လာမယ်ထင်ထားတာ....ဉာဏ်ဆိုးလိုက်‌ပို့တာလေ"

"အို...ဉာဏ်ဆိုးကနင့်ကျဝောာ့သိတတ်သားနော်။ သူကျောင်းမတတ်ရတာတောင် နင့်ကိုလာပို့ပေးတာ"

"တော်ပါဟယ်။ ဒါနဲ့လေ...." မှူး...ရွှေ၀တ်မှုံကိုမနက်က ရောင်နီသာနဲ့ ဉာဏ်အကြောင်းပြောပြဖို့လုပ်တုန်း အနောက်မှအသံတို့ထွက်လာသည်။

"အမယ်!...သူကြောင့် ဉာဏ်မင်းဆက် အတန်းကြီးနဲ့ရန်ဖြစ်ပြီး ကျောင်းနားခံရတာကို"

"အေးဟယ်...တစ်ချို့တွေက friend zoneထဲကနေပလူးချင်တာအေ့"

မှူးလှည့်ကြည့်လိုက်တော့ လှိုင်ယမုံနဲ့သူ့သူငယ်ချင်းဖြစ်သည်။ ကြည့်ရတာ ဉာဏ်ရန်ဖြစ်တာ မှူးကြောင့်ဆိုပြီး ရွဲ့ပြောသည်နဲ့တူပါသည်။

"သူ့ကြောင့် ဒုက္ခရောက်တဲ့သူကိုမနားခိုင်းဘဲကျောင်းပါလိုက်ပို့ခိုင်းနေတာနော် အံ့ဩပါ့"

"အေးဟယ်"

မှူးတို့မကြားကြားအောင် အနောက်မှပြောနေသည်မို့ ရွှေ၀တ်မှုံမှာ ဒေါသတွေထွက်နေသည်။

"ဟဲ့မှူး...နင့်အဲ့ဟာမတွေကို ပြန်မပြောဘူးလား ငါ့သူငယ်ချင်းကိုများ"

"လာပါ။ ရွှေ၀တ်မှုံရယ်သူတို့ကိုလွှတ်ထားလိုက်စမ်းပါ။"
မှူးလည်းရွှေ၀တ်မှုံကိုလက်‌ဆွဲခေါ်ကာ အခန်းထဲသို့ ခပ်သုတ်သုတ်၀င်သွားလိုက်သည်။

My step-mom's sister becomes my wife (Complete)Tempat cerita menjadi hidup. Temukan sekarang