Part-2(Zawgyi & Unicode)

18.9K 644 7
                                    

(Unicode)

မှူးတစ်ယောက်ေကျာင်းကပါလာသည့်ကျောင်းအိမ်စာတွေကို အိပ်ခန်းထဲကစားကြ်ည့်စားပွဲ၌ထိုင်လုပ်နေလိုက်သည်။ဒီ‌ 9 တန်း နှစ်ကိုမနှစ်ကထက်စာပိုလုပ်ဖြစ်သည်။ ဒါတွေဟာမမကြောင့်ပါ။ မိဘတွေမရှိတော့ မမတစ်ယောက်ထဲရုန်းကန်နေရတာတွေ၊ပင်ပန်းနေရတာတွေအတွက် မှူးလည်းတတ်နိုင်သလောက်တာ၀န်တွေမျှယူချင်လာတယ်။ ဒါကြောင့်ခုထဲကစာကြိုးစားထားမှဖြစ်မည်။ မမအကုန်ကျခံထားရ‌တာတွေကို မှူးအလဟားသပ်မဖြစ်စေချင်ပါ။

*ဒေါက်...ဒေါက်* စာလုပ်နေတုန်း အခန်းပြင်မှတံခါးခေါက်သံကြားလိုက်ရသည်။

"မှူး...မမ၀င်လာမယ်နော်"

"ဟုတ်...မမ"

မမက ၀တ်နေကျစပို့ရှပ်နွမ်းနွမ်းလေးကို ချည်သားဘောင်းဘီလေးနဲ့တွဲ၀တ်ထား သည်။ ခါးနား‌မရောက်တရောက်ရှိနေသည့်ဆံပင်ရှည်တို့ကိုခွေကာ ညှပ်ကလစ်ကြီးနဲ့ပန်ထားသည်။ဒါတောင် ဖြူစင်မှူးဝေရဲ့အရှိန် အဝါတွေဟာမကျသွားပါ။လှမြဲတိုင်းလှနေသည်။

"ရော့...ဒီမှာကော်ဖီဖျော်လာတယ်။ စာလုပ်နေရင်းငိုက်မှာဆိုးလို့"

"မမကအကောင်းဆုံးဘဲ..." မမရဲ့ခါးကိုသိုင်းဖက်ရင်းမှူးချွဲလိုက်သည်။

"ဒါ‌နဲ့မမ ဦးရဲမင်းဆက်ဆီမှာလုပ်ရတာအဆင်ပြေရဲ့လား"

"ပြေပါတယ်မှူးရဲ့....Bossကသေချာဂရုစိုက်ပေးပါတယ်။"

"မမ...ငါတို့ ဦးရဲမင်းဆက်ဆီမှာကျေးဇူးကြွေးတွေတော်တော်များနေပြီနော်"

"အင်း!...များနေပြီ" မမကမှူးရဲ့လှိုင်းတွန့်ဆံပင်လေးတွေကို သပ်ပေးရင်ရင်ခွင်ထဲထည့်ထားသည်။

ဖြူစင်မှူးဝေ ဆိုတဲ့သူမဟာ ဖေဖေနဲ့မေမေ
မရှိတဲ့ ဒီလတွေထဲသိပ်ပင်ပန်းခဲ့သည်။ အငယ်နှစ်ယောက်ကို လူတန်းစေ့မထားနိုင်မှာသူစိုးရိမ်နေခဲ့ရသည်။ဖေဖေတို့ ဘဏ်ထဲစုဆောင်းထားခဲ့တာတွေကိုလည်းသူမထိရက်ပေ။ကြိတ်ပြီးငိုခဲ့ရသည့် ညဉ့်နက်များစွာရှိခဲ့သည်။နောက်ဆုံးသူ ဖေဖေတို့နောက်ကို လိုက်သွားဖို့ထိစဉ်းစားမိခဲ့သည်။သို့သော်
သူ့အတွေးထဲ၀င်လာသည့် စိမ်းသက်မှူးဝေ နဲ့ နံ့သာမှူးဝေ ဆိုတဲ့လူမမယ်ကလေးနှစ်ယောက် သူဒီ‌နှစ်ယောက်ကိုလောကကြီးထဲ ထားမသွားရက်ပါလေ။

My step-mom's sister becomes my wife (Complete)Where stories live. Discover now