Unicode
ဉာဏ်ဟာကျောင်းဆင်းထဲက မှူးတို့အိမ်မှရောကနေသည်။ ဉာဏ်မင်းဆက်တစ်ယောက် တကယ်ပင်မျက်နှာမကောင်းတာကြောင့် မှူးလည်းမဆူတော့ပေ။
"မှူး...ငါအိမ်ပေါ်ကဆင်းမယ်ဆို နင်ငါ့ကိုလက်ခံထားမှာလား"
အစမရှိ၊အဆုံးမရှိ ဉာဏ်ရဲ့အမေးစကားကြောင့်မှူး ကြောင်အသွားရသည်။ ဒီကောင်ဘာတွေတွေးနေမှန်း မှူးတကယ်ပင်မသိတော့ပေ။
"ဟဲ့...မှူးငါမေးနေတာ ဖြေအုန်း"
"ဉာဏ်...နင်ရှူးနေလား။ စာမေးပွဲဖြေရဖို့ဘာမှမလိုတော့တာကို နင်ဘယ်အိမ်ပေါ်ကဆင်းမှာလဲ"
"မှူး...ငါဒယ်ဒီ့လုပ်ရပ်တွေကိုလက်မခံနိုင်တော့ဘူး။"
"နင်တို့သားဖဘာဖြစ်ပြန်ပြီလဲ ဉာဏ်။စာမေး ပွဲကြီးဘဲရောက်တော့မှာကို"
"ဘာဖြစ်ရမှာလဲ။ ဒယ်ဒီပေါ့ဟာ မာမီ့ကိုဒီအပတ်ထဲကွာရှင်းတော့မယ်တဲ့။ ငါလက်မခံနိုင်ဘူးဟာ။"
"ဟယ်!...ဦးကတကယ်ကြီးအဲ့လိုလုပ်တော့မှာလား"
"အင်း!...ငါလေ မာမီ့ကိုသနားလွန်းလို့ရှူးရတော့မယ်"
"အို...ဉာဏ်ရယ်အရမ်းလည်းစိတ်မကောင်းဖြစ်ပါနဲ့ အရာရာအဆင်ပြေသွားမှာပါ။"
ဉာဏ်က သူ့မေးကိုလက်နှင့်ထောက်ထားရင်း မှူးကိုငေးကြည့်နေသည်။ မှူးသိပါသည် ဉာဏ်တကယ်ပင်ပန်းနေသည်ဆိုတာ။
မှူးအမြဲပြောနေကျ 'အရာရာအဆင်ပြေသွားမှာပါ' ဆိုသည့်စကားလေးက ဘာရယ်မဟုတ်ဘဲ ဉာဏ့်အတွက်အရေးပါလွန်းသည့်စကားလေးအဖြစ်တည်ရှိနေသည်။
****
ဖြူစင် ဒီနေ့Boss ရဲ့ရုတ်ချည်းဆိုသလို တွေ့ဆုံမှုတွေကြောင့် အလုပ်များနေရသည်။"ဖြူစင်...ရှေ့နေနဲ့တွေ့ဖို့ အချိန်ကဆုံးဖြတ်ပြီးပြီလား"
"ဟုတ်ကဲ့ Boss!...ဟို ညနေ (4) နာရီအဆင်ပြေသွားပါတယ်။ပြီးတော့ ဒီမှာက
Vietnam Company နဲ့ပူးပေါင်းချက်တွေကိုလက်မှတ်ထိုးပေးဖို့ဖိုင်ပါ။""Ok! ဖြူစင်ကညနေကျ ကိုယ်နဲ့လိုက်ခဲ့ဖို့အဆင်သင့်ပြင်ထားပါ။"
KAMU SEDANG MEMBACA
My step-mom's sister becomes my wife (Complete)
RomansaUnicode သံယောဇဉ်ကြီးတဲ့ငယ်သူငယ်ချင်းနှစ်ယောက်ကြား လက်မခံနိုင်တဲ့ အဖြစ်အပျက်တစ်ခုရောက်ရှိလာခဲ့သည်။ လက်မခံနိုင်မှုများစွာနဲ့ ကျောခိုင်းခဲ့မှုတို့ဟာအချိန်တစ်ခုထိရှိခဲ့သည်။ အဖြစ်အပျက်တွေကို အရွဲ့တိုက်လွန်းကာ ထင်ရာစိုင်းနေသည့် သူ့ကို လက်ထပ်ဖို့ သူမ ကိုယ...