Unicode
Hyunda fit အနက်ရောင်လေးဟာ လမ်းမပေါ်ထက်ပြေးလွှားနေသည်။မသရဖီကသူ့ကားယူသွားပါဟုဆိုလာသောကြောင့် မငြင်းဖြစ်ခဲ့ပါ။သို့သော် ကားကမှူးရဲ့ကားမဟုတ်တော့ မောင်းရတာနည်းနည်းတော့ စိမ်းသလိုလိုရှိသည်။ ဒီနေ့တော့မိုးမရွာသေးပေမယ့် မိုးကတော့ အုံ့တုံ့တုံ့ရှိနေဆဲဖြစ်သည်။ သေချာသည် မှူးခန့်မှန်းမိလောက်ဆို
ညကျမိုးကျိန်းသေရွာတော့မည်ဆိုတာ။မှူး မမဆီဖုန်းခေါ်လိုက်သည်။ အိမ်မှာ ဦးရဲမင်းဆက် ရှိလားမေးကြည့်ရမည်ဖြစ်သည်။
"Hello...မမလား"
"ဟုတ်တယ် မှူး၊ နင်လည်းနော် အမတစ်ယောက်လုံးအသက်ရှင်နေသေးတယ်ဆိုတာမေ့နေသလား"
"မေ့ပါဘူး မမရဲ့၊ ငါတကယ်မအားလို့ပါဟာ၊ ဒါနဲ့ နင်တို့အိမ်မှာ ဦးရဲမင်းဆက်ရှိတယ်မလား။"
"အင်း...ဦးရှိတယ်၊ သူ့အလုပ်ခန်းမှာ အလုပ်လုပ်နေတယ်။"
"ဘာဖြစ်လို့လဲ မှူး"
"အေး မှူးကိုရုံးက ဖိုင်လ်တစ်ခုမှာ Boss လက်မှတ်လာထိုးခိုင်းလိုက်လို့၊ အဲ့တာ မှူးလာနေတာ။"
"အေး...လာခဲ့လေ၊ ဒါနဲ့ မမ ငရုတ်သီးနဲ့ငါးခြောက်ကြော်ထားတာလေး ယူသွားလို့ရတာပေါ့။"
"OK...ဒါနဲ့ မမ"
"ဘာလဲ...မှူး ပြောစရာရှိလို့လား၊ ကားမောင်းနေတယ်မလား အိမ်ရောက်မှပြောလေ၊ သေချာဂရုစိုက်မောင်းနော်။"
"အင်း မမ"
ဉာဏ်ပြန်ရောက်နေတာ မမသိပြီးပြီလားလို့ မေးဖို့ စဉ်းစားထားခဲ့ပေမယ့် မမေးခဲ့ပါ။ဟိုရောက်မှဘဲ သေချာမေးတော့မည်။ သူ ဉာဏ်ကို ဒီလောက်မျှော်နေတာ ဦးရဲမင်းဆက်လည်းသိရဲ့သားနဲ့ ဉာဏ်ပြန်ရောက်နေကြောင်း အရိပ်အမွှတောင် မပေးခဲ့ပေ။ ဉာဏ်ကများ မှူးကိုမပြောခိုင်းခဲ့သည်လား။
မှူးလည်းကားလေးကို အရှိန်တစ်ခုနဲ့ မမတို့အိမ်ဘက်မောင်းနှင်လိုက်သည်။"ဟယ်...မှူးလေး ပိန်သွားလိုက်တာ။အရပ်ကရှည်တော့ ပိန်သွားတာသိသာလိုက်တာ မှူးလေးက"
အန်တီမြချိုက ဒီအိမ်ကြီးရဲ့မရှိမဖြစ်အတွင်း လူဖြစ်သည်။ မှူးတို့ ညီအမသုံးယောက်ကိုလည်း ချစ်ပေးရှာသည်။ မှူးလာလည်တိုင်းလည်း နွေးနွေးထွေးထွေးဆက်ဆံတတ် သည်။
![](https://img.wattpad.com/cover/288607473-288-k443364.jpg)
YOU ARE READING
My step-mom's sister becomes my wife (Complete)
RomanceUnicode သံယောဇဉ်ကြီးတဲ့ငယ်သူငယ်ချင်းနှစ်ယောက်ကြား လက်မခံနိုင်တဲ့ အဖြစ်အပျက်တစ်ခုရောက်ရှိလာခဲ့သည်။ လက်မခံနိုင်မှုများစွာနဲ့ ကျောခိုင်းခဲ့မှုတို့ဟာအချိန်တစ်ခုထိရှိခဲ့သည်။ အဖြစ်အပျက်တွေကို အရွဲ့တိုက်လွန်းကာ ထင်ရာစိုင်းနေသည့် သူ့ကို လက်ထပ်ဖို့ သူမ ကိုယ...