Unicode
အခုဆိုဒီဇင်ဘာလလယ်ထဲရောက်နေပြီဖြစ်သည်။မှောင်ပိတ်နေတဲ့အခန်းကဉာဏ့်အတွက် မှူးထားသွားတဲ့ဒီအချိန်သုံးပတ်လုံးအတွက်နေသားတကျရှိလို့နေခဲ့သည်။ သူမ သူ့ကိုထားသွားသည်ဆိုတာ သူ့အတွက်
မခန့်မှန်းမိထားတဲ့ ရင်နာစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ အရင်လိုဘဲ ရန်ဖြစ်ပြီးရင်ပြန်အဆင်ပြေသွားလိမ့်မည်ဟု သူတယူသန်မှတ်ယူထားခဲ့ပေမယ့် မှူးကတော့ဒီလိုမဟုတ်နေပါ။ သူ့ကိုထားသွားဖို့ အစီစဉ်ကအစ တိတ်တဆိတ် ဆောင်ရွက်နေခဲ့သည်။ ဒါတွေကိုသူသတိထားမိနေပါလျက်နဲ့တစ်ချက်ကလေးနောက်ကျသွားခဲ့ရသည်။မှူးရှိစဉ် ဒီအိမ်ကသန့်ပြန့်လို့ရှိနေခဲ့ပေမယ့်၊အခုတော့ ဧည့်ခန်းမှာပင်အမှိုက်ပုံလိုဖြစ်နေသည်။ သောက်ပြီးသား ဆေးလိပ်တွေ၊ ဘီယာဘူးခွံတွေ၊ အသင့်စားခေါက်ဆွဲခြောက်တွေက ဒီဧည့်ခန်းလေးထဲပြန့်ကျဲနေသည်။ ဒီဆိုဖာစတီတွေကမှူးရုပ်ရှင်ထိုင်ကြည့်နေကျ နေရာလေးတွေမလား။ သူမရဲ့
အငွေ့အသက်ရေးရေးလေးတွေအစား သူ့ဆေးလိပ်နံ့တွေက ပြန့်လွင့်လို့နေသည်။*ဒေါက်...ဒေါက်*
"ဉာဏ်!...ငါကိုသူရပါ၊ အကို့ကိုတံခါးလာဖွင့်ပေးစမ်းပါ။"
"...."
"ဉာဏ်!..."
*ဒုန်း...ဒုန်း*
ဉာဏ်အချိန်တစ်ခုထိတိတ်ဆိတ်နေပြီးမှ တံခါးသွားဖွင့်ပေးဖို့ထလိုက်သည်။ အမှန်ဆို သူ Company သို့မသွားသလို၊ ဘယ်သူနဲ့မှလည်း မတွေ့ဖြစ်ပါ။ ဒယ်ဒီက မှူးထွက်သွားတဲ့အကြောင်း ဉာဏ့်ကိုလာမေးခဲ့ပေမယ့် ဉာဏ့်မှာဖြေစရာအဖြေတို့ရှိမနေပါ။ ဒယ်ဒီ မိန်းမကလည်း မှူးစိတ်နဲ့အိပ်ရာထဲလဲနေသည်တဲ့လေ။ သူ့ရဲညှင်းသိုးသိုးဆံပင်တွေကို လက်နဲ့ထိုးဖွရင်း ကိုသူရကို တံခါးဖွင့်ပေးဖို့ ထလိုက်သည်။
"ဉာဏ်...မင်း...မင်းပုံစံကိုမင်းကြည့်စမ်း"
"...."
ကိုသူရကအိမ်ထဲကို၀င်လာသည်နဲ့သူ့ကိုတန်းဆူတော့သည်။ ထို့နောက်ဧည့်ခန်းက လိုက်ကာတွေကိုဆွဲဖွင့်လိုက်သည်။ဉာဏ့်မျက်လုံးထဲ ၀င်လာသည့်အလင်းစူးစူးတို့ဖြစ် သည်။ ဒီအလင်းမျိုးဉာဏ်မရသည်က မှူးထွက်သွားပြီး သူပြန်လာသည့်မနက်ထဲကဖြစ်သည်။
YOU ARE READING
My step-mom's sister becomes my wife (Complete)
RomanceUnicode သံယောဇဉ်ကြီးတဲ့ငယ်သူငယ်ချင်းနှစ်ယောက်ကြား လက်မခံနိုင်တဲ့ အဖြစ်အပျက်တစ်ခုရောက်ရှိလာခဲ့သည်။ လက်မခံနိုင်မှုများစွာနဲ့ ကျောခိုင်းခဲ့မှုတို့ဟာအချိန်တစ်ခုထိရှိခဲ့သည်။ အဖြစ်အပျက်တွေကို အရွဲ့တိုက်လွန်းကာ ထင်ရာစိုင်းနေသည့် သူ့ကို လက်ထပ်ဖို့ သူမ ကိုယ...