Extra-2 (Zawgyi & Unicode)

15.3K 468 30
                                    

Unicode

ဒေါ်ရတနာနွယ်ပြန်သွားသည့်နောက် မာမီရဲ့ထိုစာအုပ်လေးကို ဉာဏ်ဖွင့်မဖတ်ဖြစ်ပါ။ သူ့စာအုပ်စင်လေးရဲ့ အကန့်လေးထဲမှာဘဲ တင်ထားမိခဲ့သည်။ ဒီနေ့နဲ့ဆို ထိုစာအုပ်လေး အဲ့နေရာမှာရှိနေတာ ၄‌ ရက်နဲ့တစ်မနက်ခန့်ရှိပြီဖြစ်သည်။ သူဖွင့်လည်းဖတ်ချင်ပေမယ့် ဖွင့်လည်းမဖတ်ရဲပေ။ ဒီထဲ သူ့မာမီဘယ်လောက် နာကျင်စရာကောင်းနေခဲ့မလဲ။ သူတွေးရင်းနှင့်ပင် ရင်နာရသည်။

"ဉာဏ်!...ဘာတွေငေးနေတာလဲ။ ဘာစိတ်ညစ်စရာတွေများ ရှိလို့လဲ။"

မှူးက သမီးကိုချီပြီးသူ့နားသို့ရောက်လာသည်။ ညဘက်ဆို အေးစိမ့်စိမ့်ရှိသည်မို့ သမီးကို အပြာရောင်အနွေးထည်နဲ့ ဘောင်း ဘီရှည်လေး၀တ်ပေးထားသည်။ သူ့သမီးက တကယ်အလှလေးဖြစ်သည်။

"ဉာဏ်!...ငါမေးတာကိုမဖြေဘူးဘဲ ပြုံးစိစိလုပ်နေတယ်။"

"ငါ့သမီးက ငါ့အတွက်တော့တကယ်ဆေးအစွမ်းဘဲ မှူးရယ်၊ အခုနကထိ ငါစိတ်ညစ်နေရပေမယ့် အခုမှူးနဲ့ သမီးကိုတွေ့လိုက်ရဝောာ့ ငါအလိုလိုပင်ပြုံးလာ‌တယ်။"

"ဟွန့်!..."

ဉာဏ်က သူထိုင်နေသည့်အပေါ်သို့ မှူးတို့ကိုဆွဲချလိုက်သည်မို့ မှူးတို့သားအမိနှစ်ယောက်လုံး ဉာဏ့်ပေါင်ပေါ်မှာအထပ်ထပ်နဲ့ဖြစ်နေရသည်။

"ဉာဏ်!...နင် ငါနဲ့သမီးနဲ့ဆိုဘယ်သူ့ကိုပိုချစ်လဲ?..."

ဒီမေးခွန်းက ဉာဏ်တစ်ယောက်တစ်ပတ်မှာအနည်းဆုံး ငါးကြိမ်လောက်ကြားနေကျမေးခွန်းဖြစ်သည်။ စိမ်းသက်မှူးဝေအတွက် ဒီမေးခွန်းက ဘယ်သောအခါမှမရိုးသွားပေ။ သားနဲ့ပြိုင်ပြီးမေးလိုက်၊ သမီးနဲ့ပြိုင်ပြီးမေးလိုက်နဲ့ သူ‌တစ်ယောက်ထဲအလုပ်ရှုပ်နေသည်။

"သမီးကိုပေါ့၊ ငါ့သမီးလေးကဘယ်လောက်ချစ်ဖို့ကောင်းလဲ...ဟို ဒီမှာကြည့် အခုတောင်ရယ်ပြနေပြီ။"

"ဉာဏ်မင်းဆက်!..."

"ဘာလို့ နာမည်ကိုခေါ်နေတာလဲ။ ဘာများပြောချင်လို့လဲ။"

ဉာဏ် ခပ်တည်တည်ပင်မေးလိုက်သည်။ မှူးကဒီပြင့်အချိန်ဆို ကလေးတွေကိစ္စနဲ့မို့ မအားပေ။ ဒီအချိန်ဆိုရင်တော့ မှူးလေးက တကယ်မှစလို့ကောင်းသည်။

My step-mom's sister becomes my wife (Complete)Where stories live. Discover now