Unicode
ဟိုတူ၀ရီးနှစ်ယောက်နဲ့အတူသိမ့်ပါလိုက်သွားကာ မုန့်သွားစားကြသည်။ မှူးအခုလက်ရှိနေတဲ့အရပ်က မှူးကို Single mother ဖြစ် သည်ဆိုတာသိကြတဲ့တိုင်ငြိုငြင်၊ နှိမ့်ချခြင်းအလျဉ်းမရှိပေ။ သို့သော်အချို့သော ယောကျာ်းသားတွေရဲ့ ယောကျာ်းမရှိဘဲ
တစ်ယောက်ထဲနေသည့်မှူးကို ရိသဲ့သဲ့လုပ်ခြင်းများကိုတော့ကြုံဖူးသည်။အိမ်လေးက ဟိုသုံးယောက်ထွက်သွားတော့လည်း တိတ်ဆိတ်သွားပြန်သည်။ မှူးတစ်ယောက် ကမ္ဘာရဲ့အ၀တ်တွေ၊ မှူးရဲ့အ၀တ်တွေကို ခပ်မြန်မြန်ပင်လျှော်လိုက်သည်။ ခြောက်နေသည့် အ၀တ်တို့ကိုလည်းအပြေးလေးရုတ်ပြီး ခေါက်သိမ်းလိုက်ရသေးသည်။ ဒါတွေက ကမ္ဘာ ငယ်ငယ်ထဲကမှူးအတွက်ကျင့်သားရနေပြီဖြစ်သည်။
*အို!...မေ့နေတာအပင်တွေရေလောင်းရအုန်းမယ်*
ခြံရှေ့ကျနေသည့် ရွက်ဝါခြောက်တို့ကိုကောက်လှဲရင်း စုပုံထားလိုက်သည်။ ဒါတွေကိုပြီးမှ မြေကျင်းလေးတူးပြီးထည့်ရမည်။ မှူး အိမ်အလုပ်၊ ခြံအလုပ်တွေပြီးပြီမို့ အိမ်ထဲ၀င်ကာ ၀တ်မှုံမသယ်လာတဲ့ project လေးကိုင်ဖို့လုပ်လိုက်သည်။ မှူးအိမ်ထဲ၀င်ခိုက်....
"မှူး!...စိမ်းသက်မှူးဝေ..."
ဒီအသံ၊ ဒီအသံဟာ မှူးကိုခြောက်လန့်စေသည်။တစ်ခါတစ်လေနားထဲကြားယောင်တတ်တဲ့ သူ့အသံတွေထဲဒီခေါ်သံ လေးတွေကအစပါသည်။ မှူးအမှုမဲ့အမှတ်မဲ့ပင် ခေါင်းတစ်ချက်ယမ်းကာ အိမ်ထဲ၀င်ဖို့ဟန်ပြင်လိုက်သည်။
"မှူး!...မှူး...စိမ်းသက်မှူးဝေ"
ဒီတစ်ခါ...ဒီတစ်ခါတော့မှူးကြားယောင်မိနေတာမျိုးမဖြစ်နိုင်ပေ၊ အသံကနီးလွန်းနေ သည်။ မှူးအသံလာရာအနောက်ဘက်သို့ လှည့်ကြည့်ဖို့ပင် မေ့နေရသည်။
"မှူး!..."
ခေါ်ပြန်ပြီ၊ ဒီတစ်ခါတော့မှူးရဲ့ပုခုံးကိုတစ်ယောက်ယောက်က ဆွဲလှည့်လိုက်သည်။ မှူး....သူ့မျက်နှာကိုမြင်ခိုက်၊ အံ့ဩခြင်း၊ မှင်သက်ခြင်းတွေနဲ့ပြည့်နှက်နေသည်။
အိပ်မက်လား?...အိပ်မက်တော့မဖြစ်နိုင်ပေ ထိုလူသားရဲ့ မှူးပခုံးကိုညှစ်နေသည့်အားကိုမှူးခံစားမိသည်။
![](https://img.wattpad.com/cover/288607473-288-k443364.jpg)
ESTÁS LEYENDO
My step-mom's sister becomes my wife (Complete)
RomanceUnicode သံယောဇဉ်ကြီးတဲ့ငယ်သူငယ်ချင်းနှစ်ယောက်ကြား လက်မခံနိုင်တဲ့ အဖြစ်အပျက်တစ်ခုရောက်ရှိလာခဲ့သည်။ လက်မခံနိုင်မှုများစွာနဲ့ ကျောခိုင်းခဲ့မှုတို့ဟာအချိန်တစ်ခုထိရှိခဲ့သည်။ အဖြစ်အပျက်တွေကို အရွဲ့တိုက်လွန်းကာ ထင်ရာစိုင်းနေသည့် သူ့ကို လက်ထပ်ဖို့ သူမ ကိုယ...