Part-38 Final (Zawgyi & Unicode)

25.7K 607 80
                                    

Unicode

မှူး.....အိပ်ရာကနိုးတော့ သားကော၊ဉာဏ်ကော ဘေးမှာရှိ‌မနေပါ။ ပုံမှန်ဆို ဒီသားအဖကမှူးထက်နောက်ကျမှ ထတတ်သည်။ မှူးကုတင်ပေါ်ထိုင်ရင်းခဏလောက် ငိုင်နေမိတုန်း ဉာဏ်ကအခန်းထဲ၀င်လာခဲ့သည်။ အနက်ရောင်Shirt လက်ရှည်ကိုတံတောင်ထိလက်ခေါက်တင်ကာ အနက်ရောင် pants အရှည် နဲ့တွဲ၀တ်ထားသည့် ဉာဏ်က
နက်ဆွေးနေသည့်ပုံ ဖြစ်သည်။ ဆံပင်တို့ကို ဖီးသပ်တင်ထားပုံက ပို၍ပင် ဉာဏ့်ကို
ခမ်းနားထည်၀ါစေသည်။ သို့သော်လည်း ခန့်ညားလှသည့် နတ်သားက နတ်ဆွေး‌ အောင်၀တ်ထားရုံနဲ့ ခန့်ညားဟန်ကို ဖျက်စီးနိုင်စွမ်းအလျဉ်းမရှိပေ။

"ဉာဏ်!...ဘာလို့တစ်ကိုယ်လုံး နက်ဆွေးနေတာလဲ?..."

"ဟို...ကိုယ် မင်းနဲ့သွားစရာရှိတယ်၊ အဆင်သင့်လုပ်ထားနော်...အခုသွားမှာ။"

"ဘယ်သွားမှာလဲဟင်?..."

"အဆင်သင့်သာ လုပ်ထားပါမှူးရဲ့၊ကိုယ် သားကို မနက်မုန့်ကျွေးပြီးရင် သွားကြမယ်။"

"‌အင်းပါ။"

ဉာဏ်ကဘယ်သွားမယ်လို့ မပြောပေမယ့် ဉာဏ့်မျက်လုံးတို့က တိကျပြတ်သားနေ‌သယောင်ရှိတာကြောင့် အကြောင်းတစ်ခုခုတော့ရှိမည်ဆိုတာ မှူးသတိရှိလိုက်သည်။

မှူးလည်း ကမန်းကတန်းပင်ရေမိုးထချိုးလိုက်သည်။ မှူး...ဉာဏ်နဲ့ပြန်အဆင်ပြေပြီးနောက်ပိုင်း မှူးအရင်ကလိုသိပ်မပင်ပန်းရတော့ပေ။ ဉာဏ်ဟာ သူ့အလုပ်တွေနဲ့ရှုပ်နေသည်ကိုပင် မှူးနဲ့အတူ ကမ္ဘာ့ကို ဝိုင်းထိန်းပေးတတ်သည်။ အခုလည်းသားကို မနက်မိုးလင်းရင် မှူးလုပ်ပေးရမည့် အထွေထွေ အလီလီကိစ္စတွေကိုလည်း ဉာဏ်ကဘဲလုပ်ပေးထားသည်။

"မှူး...ပြီးပြီလား?..."

"အင်း...ပြီးပြီ...ဒီမှာ...ဒါဆွဲမရ...."

"လာ...ကိုယ်ဆွဲပေးမယ်"

မှူး...မှန်ရှေ့ရပ်ရင်း အင်္ကျီနောက်ကျောဘက်ကဇစ်ကို ဆွဲနေတာမမှီသည်ကို ဉာဏ်ကလာဆွဲပေးသည်။ ထို့နောက် မှူးရဲ့ပခုံးပေါ် ခေါင်းလေး မှီထားရင်းကိုယ်လုံးလေးကို ကျစ်နေအောင် ဖက်ထားသည်။ မှူးရဲ့လည်တိုင်တို့ကိုလည်း နှာဖျာလေးနဲ့မထိ
တထိနမ်းနေသည်။

My step-mom's sister becomes my wife (Complete)Dove le storie prendono vita. Scoprilo ora