Part-4(Zawgyi &Unicode)

15K 550 19
                                    

Unicode

ဒီနေ့တော့နေသာသည်လို့ပြောလို့ရပေမယ့် ဆောင်းဦးရာသီမို့ လေအေးတို့ကလည်းမိတ်ဆတ်တိုက်ခိုက်နေသည်။ဉာဏ်ကခေါင်းစွပ် ပါသည့် Hoodieအနက်လေးကို၀တ်လာသည်။ Hoodie အနက်ရောင်ကတောင်ဉာဏ့်အသားရည်ကို မှေးမှိန်းသွားစေချင်အလျဉ်း မရှိပါ။

"မှူး...လေစိမ်းတွေတိုက်နေတာ ဘာလို့အနွေးထည်မ၀တ်ထားတာလည်း"

"မ၀တ်ချင်လို့ ကျောင်းနောက်ကျတော့မယ်သွားမယ်လေ"

"မရဘူး...မှူး အနွေးထည်လေးကောက်စွပ်ခဲ့။လူကြည့်‌တော့ခါးတိုလေး၀တ်ထားပြီး"

သူမက ဆောင့်ဆောင့်နဲ့အိမ်ထဲပြန်၀င်သွားကာအနွေးထည်အပါးတစ်ထည်ကိုထပ်၀တ်လာသည်။ မှူးဟာဒီ‌လို‌တွေသူ့စကားဆို နားထောင်တာမို့ သူကမှူးအပေါ် အနိုင်ယူချင်သည်။ တကယ်လို့မှူးက သူ့စကားနား
မထောင်ပြန်ရင်လည်း သူကပင်မှူးကိုပြန်ပြီး ဂျစ်တိုက်တတ်သည်။

မှူးလည်း အိပ်ချင်နေသည့်စိတ်‌တို့ကြောင့် ဉာဏ်ကျောပြင်ကိုမှီကာ မှေးရင်းစက်ဘီး‌နောက်မှလိုက်လာခဲ့လိုက်သည်။ ဉာဏ်ကျောပြင်ကျယ်လေးကတောင်
နွေးထွေးပါသည်။

"မှူး....နင့်ဆီကိုအဲ့လို ရိသဲ့သဲ့စာတွေထပ်ရောက်လာရင် ငါ့ကိုချက်ချင်းပြောနော်"

ဉာဏ်ကစက်ဘီးနင်းနေရင်းနဲ့ပင် သူ့အားဟိုနေ့ကရည်းစားစာကိစ္စကိုရှာကျန်ရစ်နေသေးသည်။

"ဘာလို့လဲ"

"ငါမကြိုက်ဘူး!"

"နင်မကြိုက်ပေမယ့် ငါကြိုက်‌တယ်လေဉာဏ်ရဲ့ ကိုယ့်ကိုတန်ဖိုးထားလို့ပေးတဲ့စာကို ငါကသူစိမ်းတစ်ယောက်ကိုဘယ်လိုစိတ်နဲ့လက်ဆင့်ကမ်းပေးရမလဲ"

"ငါကသူစိမ်းဟုတ်လား မှူး..."

မှူးသူ့ကျောပြင်ကိုခေါင်းလေးမှီထားရာမှ ပြန်မတ်လိုက်သည်။

"မဟုတ်ဖူးလေ ဉာဏ်ရာ...ငါကစာအိတ်လေးကလှလေးလှ မွှေးလည်းမွှေးတဲ့အပြင်ရေးတဲ့လူရဲ့လက်ရေးလေးကပါ လှနေတော့ အမှတ်တရအဖြစ်သိမ်းထားချင်တာပေါ့။"

"ကျစ်!...အရေးမပါတာတွေ သိမ်းထားပြီး
ဘာလုပ်ဖို့လဲ"

"ငါ...ကလေးတွေရလာရင် မေမေကကျောင်းသူဘ၀မှာ ရည်းစားစာပေးခံရတာဆိုပြီး ပြောပြလို့ရတာပေါ့။"

My step-mom's sister becomes my wife (Complete)Onde histórias criam vida. Descubra agora