Unicode
ဒီနေ့က မှူးနဲ့ဉာဏ်ကြား ပထမဆုံးပြေလည်သည့်နေ့ဖြစ်သည်။ ဉာဏ်ဘေးကအိပ်ပျော်နေသည့် အမျိုးသမီးလေးကိုငေးကြည့်ရင်းနဲ့ ရင်ခုန်သံတွေဟာ အလိုလိုကိုမြန်လာရသည်။ ဉာဏ့်ရဲ့ပျော်ရွှင်ခြင်း အစစ်အမှန်ကတကယ်ကိုမှ လှလှပပနဲ့ကိုတန်ဖိုးရှိလှသည်။
ရင်ဘတ်ပေါ် အိပ်ပျော်နေတဲ့သားကိုကြည့်မိတော့ နောင်တတို့အတိုင်းသားရမိသား ဒီသားငယ်လေး သူနဲ့မတွေ့ခင်ဘယ်လိုများနေထိုင်သလဲဆိုတာ သိချင်စိတ်တို့တဖွားဖွားနဲ့ရယ်၊ သားရဲ့ဆံပင်အုပ်အုပ်လေးတွေကို နမ်းရှိုက်မိတော့ သားငယ်ကအိပ်နေရင်း နှုတ်ခမ်းလေးတွန့်ချိုးသွားသည်။"ဖေ..."
"ကမ္ဘာလေးက....နိုးပြီလားဗျ။"
"ကမ္ဘာ....နိုးပြီ။...မေမေ..အိပ်"
"အင်း!...ဖေ့ကမ္ဘာလေးက Morning Kiss လေးပေးပါအုန်းဗျာ"
*မွ...မွ*
ကမ္ဘာက ဉာဏ့်ရင်ဘတ်ပေါ် ဖင်ပူးထောင်လေးထောင်ပြီး အဖေဖြစ်သူရဲ့မျက်နှာအနှံ့ကိုသူ့နှုတ်ခမ်း နီရဲထွေးလေးနဲ့ နမ်းလာသည်။
"လာ...ထ ဖေဖေနဲ့မုန့်သွားစားမယ်။ မေမေအိပ်ပါစေ။"
"အင်း!...ထ..."
ဉာဏ်...သားဖြစ်သူ သွားတိုက်ဖို့ ကလေးတိုက်သပွတ်တံအသေးထဲ စတော်ဘယ်ရီအနံ့ သွားတိုက်ဆေးလေးထည့်ပေးလိုက်တော့ သားကကြိုးစားပြီးတိုက်ရှာသည်။သွားတိုက်ရင်းနဲ့လည်း အဖေဖြစ်သူကို လှမ်းရယ် ပြရတာအမောဖြစ်သည်။
ထို့နောက် ကမ္ဘာ့မျက်နှာဖွေးဖွေးလေးကို မျက်နှာသုတ်ပုဝါလေးနဲ့သုတ်လိုက်ကာ ခေါင်းလေးပါ ဖီးပေးလိုက်သည်။ သားကတော့ အဖေလုပ်သူ ဒီလိုအသေးအဖွယ်ကအစ လုပ်ပေးတာမခံဖူးရှာတော့ ငြိမ်၍ ဉာဏ့်ကိုသာလိုက်ကြည့်နေသည်။"သား...မနက်မုန့်ဘာစားမလဲ။"
"လမ်းထိပ်က...ရှမ်းခေါက်ဆွဲစားမယ်"
"ကမ္ဘာက...ရှမ်းခေါက်ဆွဲစားချင်လို့လား။"
"ကမ္ဘာစားချင်..."
"အဲ့ဆို..ဖေဖေ အင်္ကျီလဲလိုက်မယ်ခဏစောင့်။"
"Ok!...ဖေဖေ"
![](https://img.wattpad.com/cover/288607473-288-k443364.jpg)
YOU ARE READING
My step-mom's sister becomes my wife (Complete)
RomanceUnicode သံယောဇဉ်ကြီးတဲ့ငယ်သူငယ်ချင်းနှစ်ယောက်ကြား လက်မခံနိုင်တဲ့ အဖြစ်အပျက်တစ်ခုရောက်ရှိလာခဲ့သည်။ လက်မခံနိုင်မှုများစွာနဲ့ ကျောခိုင်းခဲ့မှုတို့ဟာအချိန်တစ်ခုထိရှိခဲ့သည်။ အဖြစ်အပျက်တွေကို အရွဲ့တိုက်လွန်းကာ ထင်ရာစိုင်းနေသည့် သူ့ကို လက်ထပ်ဖို့ သူမ ကိုယ...