Unicode
တွန့်ကျေနေသည့်အိပ်ရာခင်းတွေကအတိုင်း သား၊ အေးစိမ့်နေသည့်အဲယားကွန်းကမှူးကိုထိုလူသားရဲ့ ရင်ခွင်ထဲအလိုလိုကိန်း၀ပ်စေ သည်။ ခံစားမိသည်ကခါးသွယ်သွယ်ပေါ်က တင်းကြပ်စွာတင်စီးခံထားရသည့် ဉာဏ့်လက်တစ်စုံ၊ မှူး ကိုယ်ဟာပင်ပန်းနွမ်းနယ်မှုအတိရှိနေသည်။ နိုးမထချင်လောက်အောင် တကယ်ဘဲ ဒီလိုနွေးထွေးမှုကိုကျေနပ်သည်။
ဉာဏ်နိုးလာတော့ ရင်ခွင်ထဲတစ်ခုခုရောက်နေသလိုခံစားရသည်။ အရင်နေ့တွေကမှူးနဲ့သူတစ်ကုတင်ထဲအိပ်ပေမယ့် သူတို့ကြားထဲ တစ်ပေနီးပါးခြားနေတတ်သည်။ အခုတော့ နွေးနေသည့်ကိုယ်လေးတစ်ခု၊ အသားချင်းထိတွေ့ထားသလို ဉာဏ်ခံစားမိသည်။ သူမျက်လုံးဖွင့်ကြည့်တော့ ဟုတ်ပါရဲ့သူ့ရင်ခွင်ကျယ်ထဲပုံပုံလေး ၀င်တိုးအိပ်နေသည့်စိမ်းသက်မှူးဝေပါလေ။ ပုံမှန်အားဖြင့် မှူး သူ့ကိုဒီလိုကပ်ရဲမှာမဟုတ်မှန်းသူသိသည်။ သူမကသူမုန်းနေသည်ဟုသာထင်နေခဲ့သည်။ဒါကြောင့် မှူးဟာသူမကြိုက်ဘူးဟုထင်သည့်အရာတွေကိုရှောင်နေခဲ့သည်။ အခုတော့ သူမသူ့ရင်ခွင်ထဲရောက်နေသည့်အပြင် သူက သူမကိုယ်လေးကိုပါ အလိုတူအလိုပါဖြင့်ဖက်ထားသေးသည်။
"ဒီတိုင်းမုန်းလို့"
"ဉာဏ်!...ငါတို့ရှေ့ဆက်လို့ဖြစ်ပါ့မလား။"
"ဘာလို့မဖြစ်ရမှာလည်း မင်းကငါတရား၀င်ယူထားတဲ့ငါ့မိန်းမလေ။"
စသည့် ညကသူတို့ကြားကဆယ်သွယ်မှုကိုအစပျိုးနေသည့် စကားတို့ကိုအတိုင်းသား ဉာဏ်ပြန်ကြားယောင်မိသည်။ သူ့ရင်ခွင်ထဲကသူမကိုကြည့်မိတော့ သေချာသည် ဉာဏ်မှားခဲ့ပြီဆိုတာဘယ်လိုဘဲတရား၀င်လက်ထပ်ထားပါသညဆိုပါစေ သူ မှူးကိုဒီလိုတော့
မလုပ်သင့်ခဲ့ပေ။မှူး နိုးလာတော့နေပင်အတော်လင့်နေပြီဖြစ်သည်။ခုနကရင်ခွင်နွေးနွေးကိုပိုင်ဆိုင်ထားတဲ့သူကတော့ နေရာမှာမရှိတော့ပေ။ ကျိန်းစပ်စပ်ဖြစ်နေသည့်ကိုယ်လေးကို အရှိန် ယူကာထလိုက်သည်။
မှူးရေချိုးခန်းထဲ၀င်ကာရေချိုးချလိုက်တော့ နာကျင်မှုများအနည်းငယ်သက်သာသွားဟန်ရှိသည်။ ဒီနေ့အလုပ်ပိတ်ရပ်ဖြစ်တာကြောင့်ချည်သား၀မ်းဆက်လေးသာ၀တ်လိုက်သည်။ ဗိုက်ဆာလာတာကြောင့် မီးဖိုချောင်ဘက်ထသွားတော့ ဉာဏ်ဟာထမင်းစားဝိုင်းမှာထိုင်ရင်း ကော်ဖီသောက်နေသည်။
ESTÁS LEYENDO
My step-mom's sister becomes my wife (Complete)
RomanceUnicode သံယောဇဉ်ကြီးတဲ့ငယ်သူငယ်ချင်းနှစ်ယောက်ကြား လက်မခံနိုင်တဲ့ အဖြစ်အပျက်တစ်ခုရောက်ရှိလာခဲ့သည်။ လက်မခံနိုင်မှုများစွာနဲ့ ကျောခိုင်းခဲ့မှုတို့ဟာအချိန်တစ်ခုထိရှိခဲ့သည်။ အဖြစ်အပျက်တွေကို အရွဲ့တိုက်လွန်းကာ ထင်ရာစိုင်းနေသည့် သူ့ကို လက်ထပ်ဖို့ သူမ ကိုယ...